Monday, March 12, 2012

ဗိုလ်ချုပ်အောင်ဆန်းသီချင်း

(မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ် တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်၊ သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်)။


ငါတို့မြန်မာပြည်မယ် မိဘတိုင်းကကွယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေမွေးရမယ်၊ ငါတိုမြန်မာပြည်မယ် မိဘတိုင်းကရယ် အာဇာနည်အစစ်တွေကို ရှိဖို့မွေးရမယ်။ သြော် ဘုရင့်နောင်နဲ့ ရာဇာဓိရာဇ်တို့လို မင်းရဲကျော်စွာ ပမာပုံနှယ် အလောင်းဘုရားတို့လိုကွယ် မြန်မာတိုင်း မြန်မာမျိုး အားကိုးလောက်ပေရဲ့ မကြောက်တမ်း မရွှံ့တမ်း မြန်မာတွေ အောင်ပန်းဆွတ်ကြရှာလေတယ်။

သံပြိုင်ဆိုရန်။။      (ရာဇဝင် အတ္ထုပ္ပတ္တိလည်းရှိရမယ် မော်ကွန်းလဲထိုးလောက်တယ် မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်) ၂  ။    တိုင်းပြည်အကျိုးစွန့်ခဲ့တယ် များဇာနည်နွယ် လွတ်လပ်ဖို့ တို့များကို ကျွန်တွင်းမှာကယ် တို့မြန်မာစိုးမိုးဖို့ မျှော်ကြရှာလို့ ပေါ်လာတယ်။


အာရှနိုင်ငံ ထူထောင်ရန်အတွက် မျိုးရိုးမတိမ်းအောင် ကြံဆောင်လေတယ်။ နေမျိုးသာကီ မြန်မာပြည်လက်ရုံး ကမ္ဘာနိုင်ငံလုံး ထင်ပေါ်စေတယ် စိတ်အားသန်သန် မာန်ကိုမလျှော့တယ် ငါတို့လူမျိုးတန်ခိုးရှိဖို့ သူ၇ဲကောင်းတွေ ဂုဏ်ရည်ပြောင်းတယ်။ တကယ်ပင် သတိုးမဟာဗန္ဓုလရဲ့ အစွမ်းသတ္တိ ရာဇဝင်ပြောင်တယ် သားကောင်းများလို့ ခေါ်လောက်ရပေမယ် ဥဒါန်းတွင်စေမယ် မြန်မာသူရဲကောင်း အပေါင်းတွေရယ်။။

(ဒုတိယပဒကို ထပ်ဆိုရန်)

No comments:

Post a Comment