Monday, March 12, 2012

ဟိုယခင်က တို့အလံ

မြန်မာနိုင်ငံတော်အလံတွင် အောက်ခံအရောင်မှာ အနီရောင်ဖြစ်ပါသည်။ လက်ဝဲဘက် အထက်ထောင့်၌ အပြာရောင်လေးထောင့်ကွက်ခံထားပါသည်။ ထိုအပြာရောင်ထဲတွင် စပါးနှံနှင့်စက်သွားကို အရွယ်တူ ကြယ်ဖြူ (၁၄) လုံးက ဝန်းရံလျှက်ရှိပါသည်။
စပါးနှံသည် တောင်သူလယ်သမားများအတွက် အမှတ်အသားဖြစ်ပါသည်။
စက်သွားသည် အလုပ်သမားများအတွက် အမှတ်အသးဖြစ်ပါသည်။
တောင်သူလယ်သမားနှင့် အလုပ်သမားသည် နိုင်ငံတော်တည်ဆောက်ရေး၏ မရှိမဖြစ်လူတန်းစားများဖြစ်ပါသည်။
အရွယ်တူကြယ်ဖြူ (၁၄) လုံးလည်း ပြည်နယ်နှင့်တိုင်း (၁၄) ခုတို့၏ တန်းတူညီတူရှိမှုနှင့် စည်းလုံးညီညွတ်မှုဟူသော အဓိပ္ပါယ်ကို ဆောင်ပါသည်။
အလံတော်ရှိ အဖြူရောင်သည် သန့်ရှင်းစင်ကြယ်ခြင်း အနီရောင်သည် ရဲရင့်ပြတ်သားခြင်းဟူသော အဓိပ္ပါယ်ကိုဆောင်ပါသည်။
အလံတော်၏ လက်ဝဲဘက်အထက်ထောင့်ရှိ အပြာရောင်သည် ငြိမ်းချမ်းခြင်း တည်ကြည်ခြင်းဟူသော အဓိပ္ပါယ်ကို ဆောင်ပါသည်။
ကျွန်တော်တို့သည် လွတ်လပ်ရေးကို ထိန်းသိမ်းရန်နှင့် နိုင်ငံတော်အပေါ်တွင် သစ္စာရှိရန် အမြဲသတိရလျက် နိုင်ငံတော်အလံကို အလေးပြုကြပါသည်။

No comments:

Post a Comment