Monday, March 12, 2012

တို့မေမေ

ကျွေးမွေးသုတ်သင် သက်ဆုံးပင်
ချစ်ခင်ရှာပေ တို့မေမေ။

ငယ်စဉ်ကာလ စည်းကမ်းပြ
ဆုံးမခဲ့ပေ တို့မေမေ။

အရွယ်ရောက်လာ ကျောင်းအပ်ကာ
ပညာပေးပေ တို့မေမေ။

ကျန်းမာဖို့ရေး သင်ရာကျွေး
လေးစားအပ်ပေ တိုမေမေ။

ဝတ်စားဆင်ယင် မြတ်နိုးကြင်
ချစ်ခင်အပ်ပေ တို့မေမေ။

                                        ကဗျာရှင်ကို ဦးတင်လျှက် SSA လူငယ်များ

No comments:

Post a Comment