Wednesday, April 11, 2012

ဗုဒ္ဓသာသနာ့အလံတော်

ဗုဒ္ဓသာသနာ့အလံတော်သည် မြတ်စွာဘုရား၏ ရောင်ခြည်တော်ခြောက်သွယ်ကို ဖော်ကျူးထားခြင်းဖြစ်သည်။ အမေရိကန်လူမျိုး ဗိုလ်မူးကြီး (အငြိမ်းစား) ဟင်နရီစတီးလ်အော်လ်ကော့ (ဗုဒ္ဓဘာသာဝင်အဖြစ်ကူးပြောင်းလာသူ)၏  စေတနာနှင့် ပညာကြောင့် ဗုဒ္ဓ၏ရောင်ခြည်တော်ခြောက်သွယ်ကို စိတ်ကူးတီထွင်ကာ ဗုဒ္ဓသာသနာ့အလံဟူ၍ (၁၈၈၅)ခုနှစ်ကတည်းက သီဟိုလ်ကျွန်း(သီရိလင်္ကာ)တွင် လွင့်ထူနိုင်ခဲ့သည်။
မြန်မာနိုင်ငံတွင် (၁၉၅၆) (၁၃၁၈) ခုနှစ် ဆဋ္ဌသံဃာယနာတွင်ပွဲ (မဟာပါသာဏလိုဏ်ဂူ၊ ကမ္ဘာအေးကုန်းမြေ) စတင်လွင့်ထူခဲ့ပါသည်။။။။

No comments:

Post a Comment