ပန်းတိုင်း==== စာပေတတ်မြောက်၍ အသက်ထက်ဆုံး စာပေပို့ချသွားနိုင်လျှင်ကျေနပ်သည်။
နေထိုင်လိုသောဘဝ==== အမြဲတမ်း စာပေပို့ချခြင်းဖြင့်သော်လည်းကောင်း စာကြည်ခြင်းဖြင့်သော်လည်းကောင်း အေးချမ်းစွာနေလို၏။
မက်မောမူ = = စာချဘုန်းကြီး ရာထူးကို စင်္ကြာဝတေးမင်းရာထူးထက်ပင် မက်မော၏။
အဓိဋ္ဌာန် = = စာပေပို့ချနိုင်သမျှ ကာလပတ်လုံး အသက်ရှည်ပါစေ။ မပို့ချနိုင်သောနေ့၌ သေရပါလို၏။ စာအုပ်ပေါ်၌ မျက်နာမှောက်၍သော်လည်းကောင်း မျက်နာပေါ်၌ စာအုပ်မှောက်၍သော်လည်းကောင်း သေလို၏။
ပျော်ရွှင်ချိန် = = စာဝါများမပြတ်တရပ်စပ် ပို့ချနေရသော အချိန်ဖြစ်သည်။ စာဝါရပ်နားထားရသော နွေကာလများသည် ကုန်ဆုံးနိုင်ခဲးသော ကာလများဖြစ်သည်။
စစ်ကိုင်းမြို့ မိဂဒါဝုန်ကျောင်းဆရာတော် ဒေါက်တာပဏ္ဍိတဝရာဘိဝံသ၏ စိတ်သဘောထားဖြစ်ပါသည်။
အလွန်တရာကြည်ညိုဖွယ်ကောင်းလှသောကြောင့် ဖေါ်ပြလိုက်ရပါသည်။
ကိုရင်အာယု (မန်းသီတဂူ)

No comments:
Post a Comment