Tuesday, May 29, 2012

မအားပေမယ့် အချိန်မရွေး ရယူနိုင်သည့် တရား ငါးမျိုး

သတိ ဉာဏ်ဦးဆောင်တဲ့ စိတ်ကောင်း စေတနာကောင်း ရှိနေရင်
 မအားလပ်တဲ့ကြားက----
၁။ ဒါန
၂။ သရဏဂုံ
၃။ ငါးပါးသီလ
၎။ မေတ္တာ
၅။ အနိစ္စနုပဿနာ
အဲဒီ တရားငါးပါးကို အချိန်မရွေး ရယူနိုင်တယ်။

စိတ်ပါပါ မပါပါ လုပ်သာလုပ်

ကိုသိုလ်ဆိုတာ လုပ်ချင်လဲ လုပ်သာလုပ်။
မလုပ်ချင်လဲ လုပ်သာလုပ်။
မိမိတို့ ဒီဘဝကိုရောက်လာကြတယ်ဆိုတာ
ကုသိုလ်အရှိန်အဝါကြောင့် ရောက်လာကြတာ။
သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ကို
 ဖြည့်ကျင့်ချင်လဲ ဖြည့်သာဖြည့်ကျင့်၊
မဖြည့်ကျင့်လဲ စိတ်ကလေးကို ဆုံးမပြီး ဖြည့်သာဖြည့်ကျင့်လိုက်။
ကုသိုလ်အလုပ် တရားအလုပ်ဆိုတာ စိတ်ပါသည်ဖြစ်စေ စိတ်မပါသည်ဖြစ်စေ
အမြဲလုပ်နေရမယ့် အလုပ်တွေပဲ။
လူ့ရဲ့အားကိုးစရာ အစစ်ဟာလဲ ဒါပဲရှိတာ။

လုပ်သင့်လုပ်ထိုက်တာကို အမြန်လုပ်

လုပ်သင့်လုပ်ထိုက်တဲ့ ကောင်းမူကုသိုလ်တွေကို ကြိုတင်လုပ်ထားမှ စိတ်အေးရမှာ။
သေခြင်းတရားက ပြောမရဘူး။
နေ့သေမယ် မသိ၊ ညသေမယ် မသိ။
ဒီခန္ဓာကြီးကို မရဏလက်ထဲ ပြန်မအပ်ရသေးခင်မှာ
နေတုန်းလဲ ကုသိုလ်တရားနဲ့နေနိုင်အောင်၊
ပြန်သွားတော့လဲ ကုသိုလ်တရား အပြည့်အဝနဲ့ ပြန်နိုင်အောင်၊
နေ့စဉ်နေ့တိုင်း ကောင်းမူတွေ ဖြည့်ဖြည့်ပေးနေရမယ်။
                                           (ယောဆရာတော်)
 

No comments:

Post a Comment