Tuesday, May 29, 2012

သဒ္ဓါတရားပျောက်တော့ ခြောက်ကပ်ကပ်

၁။ သဒ္ဓါတရားပျောက်တော့ ခြောက်ကပ်ကပ်တဲ့။

 လူဟာ သဒ္ဓါတရား ပျောက်ကွယ်သွားရင် ခြောက်ကပ်ကပ်ကြီး ဖြစ်သွားတယ်။
စိုပြေလန်းဆန်းထည်ဝါမူ မရှိတော့ဘူး။
သဒ္ဓါတရားပျောက်နေတဲ့ လူဟာ ဘယ်အချိန်ကြည့်လိုက်ကြည့်လိုက် ခြောက်ကပ်ကပ်ကြီး၊ ဘာကျက်သရေမှလဲ မရှိတော့ဘူး။

၂။ ဝီရိယပျောက်တော့ နတတ

ဝီရိယပျောက်သွားရင် ကိုယ့်လက်တစ်ကမ်းလေးမှာ ကိုယ့်ကိုကယ်တင်ပေးနိုင်တဲ့ စွမ်းအားတွေ တန်းစီနေပါရက်သားနဲ့ ရှိတဲ့ဝီရိယကို မစိုက်ထုတ်နိုင်တဲ့အတွက် စွမ်းအားတွေ လက်လွတ်ဆုံးရှုံးပြီး နတတဖြစ်သွားတယ်။

၃။ သတိပျောက်တော့ ရူးတူးတူး

သတိပျောက်သွားရင် သတိလွတ်သွားရင် ရူးတူးတူးဖြစ်သွားတယ်။
လောကမှာ မတော်တဆဆိုတာ အရူးစိတ်ကြောင့်ဖြစ်တာချည်းပဲ။
သွားနေကြ လာနေကြ နေရာမှာ တစ်ခုခုနဲ့ ဆောင့်မိတယ်၊ တိုက်မိတယ်၊
အဲဒါ အရူးစိတ်ကြောင့် ဖြစ်တာပဲလေ။
လူဟာ သတိလွတ်သွားရင် အရူးလေးဖြစ်တော့တာဘဲ။ အရူးလေးတွေ တစ်စတစ်စ များသွားရင် ထပ်သွားရင် အရူးကြီး ဖြစ်သွားတတ်တယ်။

၎။ ပညာပျောက်တော့ အတတ

ပညာပျောက်သွားရင် အတတဖြစ်သွားတယ်။
ကိုယ့်ဟာကိုယ် အလိမ်အညာခံရတယ်။
အမှန်တရားတွေ ပေါ်မလာတော့ဘူး။
ဘာပဲလုပ်လုပ် ဟန်အလုပ်တွေနဲ့ပဲ အချိန်ကုန်သွားတတ်တယ်။
အလှူလုပ်လဲ ဟန်အလှူများ ဖြစ်တတ်တယ်။
                                               (ယောဆရာတော်)

No comments:

Post a Comment