Sunday, June 24, 2012

စိန်ပန်းပွင့်တို့နှင့်အတူ


မန်းတောင်ပေါ်ဝယ် စိန်ပန်းပွင့်တို့ ဝေဆာဖူးပွင့်ကြလေပြီဆိုရင်ဖြင့် မန်းသီတဂူ ကျောင်းတော်ကြီးသည်လည်း နွေရာသီကျောင်းနှစ်လပိတ် အိပ်စက်အနားယူရာမှ ပြန်လည်းနိုးထ ကျောင်းဖွင့်ကြပြန်လေပြီး။
သို့ပါသောကြောင့် မန်းသီတဂူကျောင်းဖွင့်ချိန်နှင့် စိန်ပန်းပွင့်တို့သည် ခွဲခြားလို့မရ တစ်ချိန်တည် တစ်ပြိုင်တည်း လောကဓံနွေလှိုင်းများကို အံတု စိန်ခေါ်ရင် လောကကို အလှဆင်ဖို့ရန် ရုန်းကန် နိုးထကြလေပြီ။ စိန်ပန်းတွေပွင့်လေတိုင်း  မန်းသီတဂူကျောင်းတော်ကြီးသည်လည်း ကမ္ဘာကုန်ကျယ်သရွှေ့ ဖွင့်မြဲမပျက် ဆက်ဆက် တည်ရှိနေပေဦးတော့မည်။
စိန်ပန်းပွင့်တို့နှင့်အတူ မန္တလေးသီတဂူကမ္ဘာဗုဒ္ဓတက္ကသိုလ်ကြီး၏ ၂၀၁၂၊ ၂၀၁၃ ပညာသင်နှစ်ကိုလည်း ၂၀ ရက်၊ ၆ လ၊ ၂၀၁၂ခုနှစ်မှ စတင်ပြီး ကျေးဇူးတော်ရှင် သီတဂူ ဆရာတော်ဘုရားကြီးနှင့် ပါမောက္ခချုပ် ဆရာတော်၊ မော်ကွန်းထိန်းဆရာတော်တို့၏ ဆုံးမသြဝါဒအောက်ဝယ် ကျောင်းအုပ်ဆရာတော် ဒေါက်တာဝေဠုရိယ၊ နှင့် ကထိကဘုန်းတော်ကြီးများဖြစ်ကြသော ဒေါက်တာပညောဘာသ၊ ဒေါက်တာ ကုဏ္ဍလ၊ အရှင်ကာရုည (MA)၊ အရှင်တိလောက (MA)၊ အရှင်အဂ္ဂဉာဏ (MA)၊ အရှင်ဓမ္မာစာရ ((MA) အရှင်ကောဝိဒ (BA) စသောရဟန်းတော်များမှ  ဖွင့်လစ်သင်ကြားနေပါပြီ။
                                                                                 ကိုရင်အာယု (မန်းသီတဂူ)

No comments:

Post a Comment