Sunday, June 17, 2012

အ သုံးလုံးကြေဖို့လိုတယ်

ဒကာ ဒကာမတွေ အ သုံးလုံးကြေဖို့ လိုတယ်နော်။

အ သုံးလုံးကြေဖို့ဆိုတာ အလောဘ အဒေါသ အမောဟဖြစ်ဖို့ကိုပြောတာ။
လောဘက ရှိတာကို မပေးချင်းဘဲ တွန့်တို့တယ်။
လူတစ်ယောက် ထမင်းဆာနေတယ်၊ ပိုက်ဆံလည်း အပြည့်ပါတယ်။ စားစရာ ရောင်းတဲ့ ဆိုင်လည်းရှိတယ်။
ဒါပေမယ့် သူဝယ်မစားဘဲ အငတ်ခံနေခဲ့တယ်။ အဲဒါ လောဘပဲ။ ဟိုဟာလေးကောင်းလိုက်တာ ဒီဟာလေး ကောင်းလိုက်တာ ဆိုရင်လည်း လောဘပဲ။ 
လောဘကို တဒင်္ဂပယ်ဖြတ်နိုင်ရင် အလောဘပေါ့။
လှူကြ တန်းကြ ပေးကြ ကမ်းကြနဲ့ ဒါနဟာ အလောဘ။
ကိုယ်နှိုက်မယ့် ဟင်ခွက် သူများဦးသွားတော့ မကျေနပ်ဘူးမဟုတ်လား၊ အဲဒါ ဒေါသပဲ။
လိုချင်တာမရလို့ မကျေနပ်တာ ဒေါသ။
ငါမှ ချမ်းသာတယ်၊ ငါ့မှာ ဂုဏ်ရှိတယ်လို့ လက်မ ထောင်နေကြတာလည်း ဒေါသပဲ။
ဒေါသကို အချိန်မီ မငြိမ်းနိုင်ရင် ကိုယ့်ကိုယ်ကို မီးလောင်သလို လောင်ကျွမ်းစေတယ်။
ဒေါသကို အ တစ်လုံးထည့်ပြီး ငြိမ်းရမယ်။
အဒေါသ ဖြစ်အောင် မေတ္တာပွားကြရမယ်။
သီလ ဆောက်တည်ထားရင်က မေတ္တာစိတ်တွေ ဖြစ်နေကြတော့ ဒေါသလည်းမရှိသလောက် ပါးနေတယ် ဆိုနိုင်တယ်။ ဒေါသမဖြစ်ရင် အဒေါသ၊ ဒုတိယ အ တစ်လုံးကြေသွားပြီး။
လောဘဖြစ်မှန်း ဒေါသဖြစ်မှန်း မသိတာ မောဟ။
နောက်ဆုံး အ တစ်လုံးက ဉာဏ်နဲ့ သတိနဲ့ ယှဉ်နေတယ်။
တွေဝေမိုက်မှားခြင်းမရှိ၊ အကောင်းအဆိုးနဲ့ ဖြစ်ပျက်သမျှ သိနေအောင် တရားဘာဝနာ ရှုပွားမှတ်သားနေခြင်းဟာ အ မောဟပါပဲ။
ဒါဆို အ သုံးလုံးကြေသွားပြီး။။
                                                              ရွှေဥမင်ဆရာတော်

No comments:

Post a Comment