၁၅၊ ၀၈၊ ၂၀၁၂ ယနေ့ဟာ ဆိုရင်ဖြင့် အိန္ဒိယနိုင်ငံရဲ. လွတ်လပ်ရေးနေဖြစ်တယ်
ဆိုတာ သီတင်းစားတွေက တဆင့် သိရပါတယ်။ ကျောင်းတွေ အားလုံး ပိတ်ထားတယ်။ အားနေတယ်ဆိုကြပါစို့၊ သို့ပါသောကြောင့် တီဗီတွေကြည့်လိုက်တော့လည်း အိန္ဒိယ လွတ်လပ်ရေးနေ့ အလံတင် အခန်းအနားတွေချည်းဘဲ လွင့်နေတာကို တွေနေရပါတယ်။ ထူးခြားတာက ဝန်ကြီးချုပ် မန်မိုဟန်ဆင် ကိုယ်တိုင် တက်ရောက် စကားတွေပြောနေတာပါဘဲ၊ ကိုယ်နိုင်ငံနှင့် နည်းနည်းလေးကွာတယ်လို့ ပြောခြင်တာပါ။ အများကြီးမကွာလှပါဘူး။ ပြီးတော့ ပြည်နယ်တွေ အားလုံးလိုလိုမာလည်း အလံတင် အခန်းအနားတွေ ကျင်းပနေတာကိုတွေရတယ်။ ရုပ်သံလိုင်းပေါင်း (၅၀) ကျော်က တီဗွီတွေ၇ဲ. အပေါ်ဒေါင့်မာလည်း အိန္ဒိယ အလံ ကို လွင့်တင်ထားတာ တွေရပါတယ်။ ပြိးတော့ ကောင်းကင်းမှာ ဂျက်တိုက်လေယျဉ်တွေ မကြာခဏ ပျံဝဲနေတဲ့ အသံတွေကိုလည်း ကြားနေရပါတယ်။
အဲ ဒါနှင့်ဘဲ မြန်မာပြည်ကို စိတ်တွေရောက်လို့ မြန်မာပြည်က ကိုယ်ရောက်ခဲ့ဘူးတဲ့နေရာလေးတွေအကြောင်း စိတ်ကူးမိရင်က သာစွမြန်မာပြည်ကိုရေးလိုက်မိတော့တယ်။လှေလှော်သားတို့ ပန်းအဝင်း (ဟေး လား ယောင်္ကျား ဘသား မောင်တို့)
ပန်းတိုင်းအပြီး လှေလှော်သားများ အော်ကြဟစ်ကြ
အင်းလေးဒေသ အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လမှ ကျင်းပပြုလုပ်ပါတယ်။ မြန်မာပြည် ဘုရားပွဲတော်တွေထဲမာတော့ (ကိုရင်အာယုသိမျှ) အင်းလေးဘုရားပွဲတော်ဟာ မော်တင်စွန်းဘုရားပွဲထက်တောင်ပိုမယ်ထင်ပါတယ်။ တိုင်းရင်းသားပေါင်းစုံကိုတွေမြင်နိုင်တယ်။ ဒေသခံတိုင်းရင်သားတွေကတော့ အင်းသား၊ ရှမ်း၊ ပအိုဝ်၊ ပလောင်း၊ ဓနု၊ ကယား၊ တောင်ရိုး၊ အစရှိတဲ့တိုင်းရင်သားတွေကို ဝတ်စုံပြည့် တွေနိုင်တယ်။ ခြေတောက်နှင့်လှေကိုလှော်ကြတဲ့ သူတို့ရဲ. ဓလေ့ ရိုးရာကိုလည်း ပွဲတော်အတွင်းမာသာ မျက်ဝါးထင်ထင်တွေမြင်နိုင်တယ်။ (ကျန်တဲ့အချိန်မှာတော့ စက်နှင့်သာလှော်ကြတာများပါတယ်)
ဖောင်တော်ဦးဘုရားပွဲတော်ကြီးကို ခုနှစ်ရက်ကျော်ကျင်းပပါတယ်။ မြန်မာပြည် အနယ်နယ်အရပ်ရပ်မှ ဧည့်ပရိတ်တွေသာမက နိုင်ငံခြားသားများပါ လာရောက်လေ့လာကြတာကို တွေရပါတယ်။ ရုပ်ပွားတော်များကို ဖောင်တော်ပေါ်ပင့်ဆောင်ပြီး တစ်ရွာဝင်ထွက်ဖြင့် ညောင်ရွှေအင်းကြီး တစ်ခုလုံးကို လှည့်လည်အပူဇော်ခံပါတယ်။ ဖောင်တော်ရှေမှ လှေလှော်သားများဟာ လှော်တက်တိုကို (ဆွဲလှေ) ခြေဖြင့်လှော်ခတ်ကြပြီးတော့ ရုပ်ပွားတော်ပင့်ဆောင်လာသော ဖောင်တော်ကြီးကို ဆွဲကြပါတယ်။ ရုပ်ပွားတော်များ ရပ်နားရာ ရွာ( သို့မဟုတ်) မြို့မာ လှေပြိုင်ကိုကျင်းပပါတယ်။ အဲဒိလိုနှင့် ရွာပေါင်းများစွာမှာ ပြိုင်ဆိုင်ခဲ့ပြီးတော့ နောက်ဆုံး ဖောင်တော်ဦးစေတီကို ပြန်အရောက် (လပြည့်ကျော် ၃ ရက်နေ့) မှာတော့ လှေပြိုင်ပွဲကြီး၏ နောက်ဆုံး ဗိုလ်လုပွဲကို ကျင်းပပြီးတော့ ဘုရားပွဲတော်ကြီးလည်း ပြီးဆုံးတာဖြစ်ပါတယ်။
ဗိုလ်လုပွဲကို အားပေးနေကြသော ရွှေပွဲလား ပရိသတ်များ---
(-ဖောင်တော်ဦးစေတီတော်ပေါ်မှမြင်ကွင်းပါ)
အလောင်းစည်သူမင်းတရာကြီး၏ ကောင်းမှုတော် တောင်တိုစေတီတော် (အင်းလေးရွှေဥဒေါင်းတောင်ဘက်ကမ်း)
=================================
တာခေါင်းမွေတော်ဘုရား အင်းလေးကမ်းချေ (ဖယ်ခုံသို့သွားရာလမ်း ကန်နဖူး)
(ရွှေအင်းတိန် ရှေးဟောင်းစေတီတော်များ။ အပေါ် ၊ အောက်)
ဒီဒေသကို ဘီးလူချောင်းစတင်စီးဆင်ရာဒေသဖြစ်တယ်လို့ ဒေသခံတွေပြောတာကို မှတ်သားခဲ့ရပါတယ်။
အင်းလေးကန်တော်ကြီးရဲ. ပတ်ဝန်းကျင်နှင့် ညောင်ရွှေ ဖယ်ခုံ လမ်းတစ်လျှောက် အထက်ပါ စေတီပုထိုးတော်များကို ဖူးတွေနိုင်ပါတယ်။ ဖောင်တော်စေတီမှ နံနက် ခြောက်နာရီထွက်လာတဲ့ စာရေးသူတို့ စက်လှေဟာ၊ နေလယ်တစ်နာရီ ထိုးခါနီးမှ ဖယ်ခုံကိုရောက်ပါတယ်။ လွှိုင်ကော်မှ ရှမ်းတိုင်းရင်သူ ဒကာမများ၏ လှေပေါ်မှာ နေ့ဆွမ်းကပ်ကြပါတယ်။
လှေပေါ်မှာတော့ တစ်ချိုက ရှမ်းစကား တစ်ချို့က ကယားစကား စသည် စကားလေးမျိုးလောက်ကြားခဲ့ရပါတယ်။ သောက်စရာတော့ရှိတယ် ပေါက်စရာနေရာမရှိဘူးနော် ဟူသော အင်းသား ဒကာတစ်ယောက်ရဲ.စကားကို ကြားယောင်မိပါသေးတယ်။
ကမ်းတစ်လျှောက် ဝဲယာ သဘာဝ စိုက်ခင်း ရှုခင်းများဖြင့် အလှဆင်ထားသော အင်းလေး
ရေလယ်က ကျွန်းကလေး (ဟိုယခင်က ကျွန်းမဟုတ်ခဲ့၊ မိုးဗြဲဆည်ကြီးကြောင့်ဟုဆို)
စိန်ခေါ်ကာ တိမ်လေးတွေ အတောက်ဝယ် ရေပေါ်မာ အိမ်လေးတွေ ဆောက်မယ်
ရေလား သင်ဖြူးလား ထင်ရောင်းမှားဖွယ် လှမျိုးစုံ ခင်းကျင်းတဲ့ အင်းလေးကန်ဝယ်
နိုင်ငံခြားက အလှတရားတွေထက် မြန်မာပြည်က သဘာဝတရားတွေကိုလည်း အခါသင့်ရင်ဖြင့် လာလည့် ရှုလည့်ပါလို့ ဖိတ်ခေါ်ပါရစေ။
ကိုရင်အာယု (မန်းသီတဂူ)
ခေတ္တ= ကုလားပြည်



Dr
B R Ambedkar, popularly known as Babasaheb Ambedkar, was one of the
architects of the Indian Constitution. He was a well-known politician
and an eminent jurist. Ambedkar's efforts to eradicate the social evils
like untouchablity and caste restrictions were remarkable. The leader,
throughout his life, fought for the rights of the dalits and other
socially backward classes. Ambedkar was appointed as the nation's first
Law Minister in the Cabinet of Jawaharlal Nehru. He was posthumously
awarded the Bharat Ratna, India's highest civilian honor in 1990.
In
1936, Ambedkar founded the Independent Labor Party. In the 1937
elections to the Central Legislative Assembly his party won 15 seats.
Ambedkar oversaw the transformation of his political party into the All
India Scheduled Castes Federation, although it performed poorly in the
elections held in 1946 for the Constituent Assembly of India.