Thursday, August 2, 2012

ပူဏေး ဗုဒ္ဓဘာသာမိသားစုတို့၏ ဓမ္မစင်္ကြာနေ့

ပူဏေးမြို့ ဗုဒ္ဓဘာသာ မိသားစုများ၏ ဓမ္မစင်္ကြာ အခါတော်နေ့ကို (၀၁.၀၈.၂၀၁၂) နေ့ ည (၇)နာရီအချိန် Institute of Pali and Buddhist studies တည်ရှိရာ ဓမ္မာရုံမှာ  ကျင်းပပြုလုပ်ခဲ့ပါတယ်။ အရှင်ဇဝန (မြစ်သား) ဦးဆောင်သော အရှင်စန္ဒိမာ(တန့်ဆည်) ၊ အရှင်အာယုပါလ(သီတဂူ) အရှင်ဝိဝေက (သီတဂူ) အရှင်ခေမာနန္ဒ(ကဝ) မြန်မာဘုန်းတော်ကြီးငါးပါးက ဓမ္မစက္ကပဝတ္တန သုတ်တော်ကို ရွတ်ဖတ်ပူဇော်ခဲ့ကြပါတယ်။ ပူဏေးဗုဒ္ဓဘာသာဝင် (၂၀)ကျော်တက်ရောက် ကြည်ညိုခဲ့ကြပါတယ်။ 

အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံများမှာ ဓမ္မစင်္ကြာအခါတော်နေ့ဟာ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် ကွဲပြားပါတယ်။

 မြန်မာ၊ ထိုင်းတို့က (၀၂.၀၈.၂၀၁၂) ဝါဆို လပြည့် နေ့မာ ကျင်းပတာကြောင့် တစ်ရက်စောတယ်လို့ ပြောရမာဖြစ်ပါတယ်။ သူတို့ရဲ. ဓမ္မစင်္ကြာနေ့ဟာ ဝါဆိုလဆန်း (၁၄) ရက်နေ့ဖြစ်နေတာကို တွေ့ရမာဖြစ်ပါတယ်။

 ဘယ်သူက မှားတယ်။ ဘယ်သူက မှန်တယ်ဆိုတာကို အတိအကျ မသိပါဘူး။ တစ်ခုခုတော့ လွဲနေတယ်ဆိုတာ ကိုဘဲ သတိထားမိပါတယ်။
ပြီးတော့ အရှင်ဇဝနကဘဲ ဓမ္မစင်္ကြာနေ့အကြောင်း သိကောင်းစရာများကို ဟောပြခဲ့ပါတယ်။ 

အရှင်ကုသလ (သီတဂူ) အရှင်သီလာစာရ (သီတဂူ) ဦးဆောင်သော မြန်မာရဟန်းတော်များအဖွဲ့ဟာလည်း အခြားရပ်ကွပ်တစ်ခုဝယ် ဓမ္မစင်္ကြာနေ့ အဖြစ် ဓမ္မစက္ကပဝတ္တနသုတ်ကို ရွတ်ဖတ်ပူဇော်ခဲ့တယ်လို့ သိရှိရပါတယ်။

 

ကိုရင်အာယု (မန်းသီတဂူ)

 ခေတ္တ ပူဏေး

No comments:

Post a Comment