Sunday, August 5, 2012

မြတ်ဗုဒ္ဓ၏ ပြည်တော်ပြန်

အိန္ဒိယနိုင်ငံ ပူဏေးဗုဒ္ဓဘာသာ မိသားစုများသည်  ထိုင်းနိုင်ငံ ဗုဒ္ဓဘာသာမိသားစုတို့က လှူဒါန်းလိုက်သော ဗုဒ္ဓဆင်းတုတော်နှစ်ဆူးကို ပြည်တော်ပြန်ကြိုဆိုပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲကို ဒီကနေ့ (၀၅.၀၈.၂၀၁၂) တနင်္ဂနွေနေ့တွင်ကျင်းပပါသည်။ 
 
 

အခန်းအနားသို့ ထိုင်းဘုန်းတော်ကြီး ဉာဏကိတ္တိ နှင့် အရှင်ကုသလ (သီတဂူမောင်ကာင်းမွန်) ကိုရင်အာယု တို့မှ မြန်မာ့ထေရဝါဒမူအတိုင်း အနေကဇာတင် ပူဇော်ခဲ့ကြပါသည်။


  พระพุทธรูปองค์นี้ได้รับการบริจาคจากพระสงฆ์ไทยและญาติโยมจากประเทศไทย นำโดยพระอาจารย์ณรงค์ นำถวายที่พุทธวิหารเรนยิน รัฐมหาราช ประเทศอินเดีย












ယခုလို ဗုဒ္ဓရုပ်ပွားတော်များကို ပင့်ဆောင်ပူဇော်ရာမှာ ဘုံဘေမြို့က တဆင့် ပူဏေးမြို့ကို ပင့်ဆောင်ရတာဖြစ်ပါတယ်။ ပင်ဆောင်ခ ဗုဒ္ဓဆင်းတုတော် တစ်ဆူကို  ရူးပီးငွေ (  ၄၆၀၀၀) ကုန်ကျတယ်လို့ သိရပါတယ်။ ဉာဏ်တော်အမြင့် (၅ပေခွဲ) စီရှိပါတယ်။

ထိုင်းနိုင်ငံမှ ဘုံဘေအထိ ရုပ်ပွားတော်များပင့်ဆောင်ပူဇော်ခ ကိုတော့ ထိုင်နိုင်ငံ ဗုဒ္ဓဘာသာ မိသားစုများက လှူဒါန်းကြတယ်လို့ သိရပါတယ်။ ဘယ်မျှ ကုန်ကျကြောင်း မသိရပါ။

အရှင်ကုသလ(သီတဂူ မောင်ကောင်းမွန်) မှ သြဝါဒပေးရာတွင်
(ဥပသကာ ဥပါသိကာ ဟူသည်မှာ ဗုဒ္ဓဘာသာ ဒါယကာ ဒါယိကာ တို့အတွက် အထူးနာမည်ဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာဝင်ဖြစ်သောလည်း ဘုရား၊ တရား၊ သံဃာတို့နှင့် ရင်နီးကျွမ်းဝင်မူမရှိလျင် ဥပသကာ ဥပါသိကာ ဟူသော အမည်ကို မရနိုင်ကြောင်း၊ ဘုရား၊ တရား၊ သံဃာရတနာမြတ်သုံးပါးကို မိမိအသဲနှလုံးထဲမှ လှိုက်လှိုက်လဲလဲ ကြည်ညိုလေးစားသော၊ ရတနာသုံးပါးကို နီးနီးကပ်ကပ် လုပ်ကြွေးပြုစုသော သူတို့ကိုသာလျှင် ဥပသကာ ဥပါသိကာဟူ ခေါ်ဆိုနိုင်ကြောင်း။ လွန်းခဲ့သော နှစ်ပေါင်း ၂၆၀၀ ကျော်က ယခုသင်တို့၏ မဟာရဋ္ဌပြည်နယ်တွင် မြတ်ဗုဒ္ဓ၏ တရားတော်များကို စောင့်ရှောက်ကြကုန်သော သားတော် သံဃာတော်များ သီတင်းသုံးခဲ့သည်ကို အဂျန်တာ၊ ကာလာ၊ ဘာဂျာ လှိုင်ဂူကြီးများကို ကြည့်က သိနိုင်ကြောင်း၊ ယခု ဘာကြောင့် ဒိနေရာတွင် ဗုဒ္ဓနှင့် သူ၏တရားတော်တို့ကို စောင့်ရှောက်ကြသော သားတော်ရဟန်းသံဃာတို့ မရှိကြတော့သနည်း ဟူသောမေးခွန်းမှာ ဒါယကာ ဒါယိကာမအပေါင်းတို့၏ ဥပသကာ ဥပါသိကာ အရည်အချင်းမပြည့်သောကြောင့် ဖြစ်ကြောင်း။

         ယခုမြတ်ဗုဒ္ဓသည် ထိုင်းနိုင်ငံမှ သူ၏ ဆွေတော်မျိုးတော်များရှိရာ သူ၏အမိမြေသို့ တစ်ဖန်ပြန်လာပြိးဖြစ်ကြောင်း၊ သင်ဒါယကာ ဒါယိကာ တို့သည် မြတ်ဗုဒ္ဓ၏ ဆွေမျိုးအရင်းအချာ များဖြစ်ပါကြောင်း၊ သင်တို့၏ အဖေ၊ သင်တို့၏ ဦးကြီး၊ သင်တို့၏ အကိုကြီး၊ သင်တို့၏ ဆွေမျိုးဖြစ်သော မြတ်ဗုဒ္ဓသည် ရေခြားမြေခြားမှ ပြန်လာသောကြောင့် သင်တို့ ဘယ်လို့ ဘယ်ပုံ ကြိုဆိုကြမလဲဆိုတာ အရေးကြီးပါကြောင်း။ တကယ်ဗုဒ္ဓဘာသာ ဟူသည်မှာ ရင်ထဲ နှလုံးသားထဲတွင်ရှိပါကြောင်း၊ ဗာဟိရ အပြင်တွင်မရှိပါကြောင်း။ ဗုဒ္ဓ၏ တရားတော်တို့ကို ပျော်ရွှင်စွာဖြင့် သင်ယူ လေ့လား ပွားများ အားထုပ်ကြမည်ဟု ဘုန်းကြီးများ ယုံကြည်ပါကြောင်း )

စသည်ဖြင့် မိန့်ကြားသွားပါသည်။
                                                                                 ကိုရင်အာယု (မန်းသီတဂူ)

No comments:

Post a Comment