Tuesday, January 31, 2012

မှတ်ဖွယ်လူတို့ သိစေဖို့

ခန္ဓာငါးတန် ရုပ်နာမ်အဟောင်း
အသစ်ပြောင်းလည်း စုဆောင်းဥစ္စာ
ကိုယ်၌သာလျှင် မပါမူဘဲ နေရစ်မြဲတည်း
မကွဲမကွာ ဤလူ့ရွာ ပြုလေသမှု တစ်ခုမကြွင်း
ခင်ပင်းထိုထို အကုသိုလ်နှင့် ကုသိုလ်တရား
ကံနှစ်ပါးသာ ရှည်လျားများစွာ ဆင်တိုင်ပါသည် မှတ်ဖွယ်လူတို့ သိစေဖို့တည်း။။။။

ကုသိုလ်နှင့်လူ၊ လူနှင့်ကုသိုလ်

လူဘဝဆိုတာ ကုသိုလ်ကြောင့် ဖြစ်လာရတာ ကုသိုလ်နှင့်လူ၊ လူနှင့်ကုသိုလ်၊ ခွဲခြားလိုမရပါဘူး။
ကုသိုလ်ကြောင့်ဖြစ်လာရတဲ့ လူက ကိုသိုလ်ကိုမေ့နေမယ်ဆိုပါလျှင် ကျေးဇူးမသိတတ်ရာ ရောက်တယ် အောက်ခြေလွတ်တယ် ခေါ်တယ်။။။
ကုသိုလ်ကြောင့် လူဖြစ်လာရသည်ဖြစ်၍၍     လူနှင့်ကုသိုလ် ကုသိုလ်နှင့်လူ ခွဲခွာလို့ (ခွဲခြားလို) မရပါ။
ကုသိုလ်လမ်းပျောက်သွားသည်နှင့် လူသည် လူလမ်းကြောင်းပေါ်မှ ဖယ်ခွါသွားရမည် ဖြစ်ပေသည်။
(ယောဆရာတော်)

မယ်ပြောသည့်ရေး မယုံသေးလျင်

မယ်ပြောသည့်ရေး မယုံသေးလျင်
ကိုယ်မွေးဘူးမှ ငါ့မိဘတို့
ငါလိုသည်နှယ် ချစ်ရှာတယ်ဟု
မယ်မရှိမှ သားရွှေလှတို့
နောင်တနောင်ခါ ရှိရှာရစ်မည်
စိုးလှသည်ကြောင့် လှည့်လည်မြန်မြန်
မယ်တို့ထံသို့ ပြန်လာပါကြောင်း
မယ်ဆုတောင်း၏။။
                  (ကျည်းကန်ရှင်ကြီး)

ဖြစ်ရပ်လေး တစ်ခုပါ

အဆုံးအတွက် ငိုနေမည်ဆိုရင်တော့ --ငိုမနေပါနှင့်တော့၊
မျက်ရေတွေက မျက်နာပေါ်က စိတ်မကောင်းခြင်း စိတ်မချမ်းသာခြင်း စိတ်မချမ်းမြေ့ခြင်း တို့ကို ဆေးကြောပေးနိုင်လိမ့်မည် မဟုတ်ပါ။
ဒါဟာ မမျော်လင့်ဘဲ ရုတ်တရက် ပေါ်ထွက်လာတဲ့ ဖြစ်ရပ်လေး တစ်ခုပါ။
တကယ်တမ်းတော့ ---ဘဝဆိုတာ အိမ်မက်ရှည်ကြီးတစ်ခုပါ။။။။။။။။။။။။
                                                           ဦးသန့် (ကုလသမဂ္ဂ)

ပျော်ရာမှာ ----မနေ---ရ၊ တော်ရာမှာ နေရ

ပျော်ရာမှာ ----မနေ---ရ၊ တော်ရာမှာ နေရ ---------- ဒီဘဝ ဒီအဖြစ်မျိုးတို့သည် လူတိုင်းကြုံဖူးကြလိမ့်မည်---
ဟိသစ္စံ = ထိုသန်းထွန်းလေး ဆိုသော သီချင်းသည် မှန်၏။
ကသ္မာ = အဘယ်ကြောင့်နည်းဟူးမူကား။
ပါပသ္မိံရမတိမနော (စိတ်သည် မကောင်းမှု၌မွေ့လျော်၏)ဟု ရှင်တော်ဘုရား ဟောကြားတော်မူရကား
မွေ့လျော်သည်အတိုင်း ပျော်ရာမှာ နေနေမည်ဆိုက အပယ်ငရဲသို့တိုင် ရောက်သွားစေနိုင်ပါသည်။
တသ္မာ= ဒါကြောင့် တော်ရာမှာ နေရမာ ဖြစ်ပါတယ်။။
                                                              ရှင်အာယု (မန်းသီတဂူ)

မျော်လင့်ချက်တွေ ဆိတ်သုဉ်းမသွားနိုင်သေး

အလုပ်လုပ်စရာ လက်နှစ်ဘက်နှင့် အလုပ်လုပ်နိုင်သည့်နေရာ မြေကြီးရှိနေသရွှေ့တော့ ----သူတို့အဖို့ မျော်လင့်ချက်တွေ ဆိတ်သုဉ်းမသွားနိုင်သေး -----(မိုးမိုး အင်းလျား)

ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးချုပ်

အဝိဇ္ဇာဆိုတဲ့ မောဟက ဆင်းရဲဒုက္ခ အပူတည်ဆောက်ရေး အဖွဲ့ကြီး၏ ဥက္ကဋ္ဌ။
တဏှာ ဆိုတဲ့ လောဘက ဆင်းရဲဒုက္ခ အပူတည်ဆောက်ရေး အဖွဲ့ကြီး၏ အကျိုးဆောင် အတွင်းရေးမှူးချုပ်။
(ယောဆရာတော်)

ပုထုဇဉ်လူသားဆိုတာ

ပုထုဇဉ်လူသားဆိုတာ မောဟ အမှောင် ထဲမှာ နေရတာ ဖြစ်တဲ့အတွက်၊
၁။  မောဟ အမှောင် နှောက်မှာ ဒေါသရှိတယ်။
၂။ မောဟ အမှောင် နောက်မှာ လောဘရှိတယ်။
မှောင်တော့ ဘာမှန်းမသိလို လိုချင်တယ်။
လောဘက ရနေတုန်းတော့ ဟုတ်သလိုလို ထင်ရတယ်၊
အလိုမပြည့်ခဲ့လျှင် ရမ်းတော့ဒါဘဲ၊
ဒါကြောင့် မှောင်တော့ မိုက်တယ်။
မိုက်တော့ ရမ်းကားတယ်။
ရမ်းကားတော့ ဒုက္ခရောက်တယ် (ရမ်းကားတော့ ဒုတ် ဓါး ပါလာပြီးလေ)

ဘဝလမ်းခရီးတစ်ကွေ့ဝယ်

ဘဝလမ်းခရီးတစ်ကွေ့ဝယ် မြင်ဘူးသူ မမြင်ဘူးသူ လူအများကို တွေ့ဆုံဘူးကြပေသည်။ တွေ့ဆုံစဉ်ခဏ စက္ကန့် မီးနစ်ပိုင်း အတွင်း စိတ်ထားမတတ်လျှင် ထိုဘဝလမ်းတစ်ကွေ့ကလေးမှပင် အကုသိုလ် အပူထုပ် တစ်ပွေ့တပိုက်ကြီး ရသွားနိုင်ပါတယ်။။
စိတ်ထားတပ်လျှင်ကား ကိုသိုလ်တွေ တပွေ့တပိုက်ကြီး ရသွားနိုင်ပါတယ် ။ သို့ပါသောကြောင့် ကိုယ့်ကြောင့်လည်း သူချမ်းသာအောင် သူကြောင့်လည်း ကိုယ်ချမ်းသားအောင် စွမ်းအားတက်အောင် နေတတ် ထိုင်တတ် ပြောတတ် ဆိုတတ်ဖို့ လိုပါတယ်။
                                              ( ယောဆရာတော်)

သရက်သီးတောင်း ကြီးတွေကို လက်ညိုးထိုးပြီးတော့

ပန်းသီးတောင်း ပိန္နဲသီးတောင်း သရက်သီးတောင်း ကြီးတွေကို လက်ညိုးထိုးပြီးတော့ ပန်းသီးကချိုတယ် ပိန္နဲသီးကမွေးတယ် သရက်သီးကကောင်းတယ် စသဖြင့် ပြောနေတဲ့သူလိုဘဲ။။
ကိုယ်လည်း မစားဘူးဘဲနှင့် သူတစ်ပါးကို ချိုတယ်လိုပြောနေတာဟာ အလကားဘဲ။ အဲဒီလို မဖြစ်စေရဘူး ကိုယ်တိုင်စားကြည်လို ချိုမှ သူတစ်ပါးကို ပြောပြရမယ်။။
အဲဒီဥပမာလိုဘဲ သာသနာမှာလည်း မေတ္တာဆိုတာ အေးတယ် စသည် ဖြင့် ကိုယ်တိုင်မကျင့်ပါဘဲနှင့် သူတစ်ပါးကို ဟောနေရင်း မကောင်းပါဘူး
ကိုယ်တိုင်ကျင့်ကြံလို သိလာတဲ့ တရားကိုမှ သူတစ်ပါးကို ဟောရမယ်။။
                  (ယောဆရာတော် )

နျူးကဠီ (နျူးကလီး)ယား ဗုံးထက် အဆများစွာ သာလွန်းသော ဖောက်ခွဲရေး

၁။   ဒေါသ ဆိုတာ နျူးကဠီယား ဗုံးထက် အဆများစွာ သာလွန်းသော ဖောက်ခွဲရေး တရားဖြစ်တယ်။
၂။  မေတ္တာ ကတော့ အားအကြီးမားဆုံးသော ငြိမ်းချမ်းရေး နှင့် ညီညွတ်ရေး တရားဖြစ်တယ်။။
    ဒေါသဆိုတာ ခွဲအား
    မေတ္တာဆိုတာ ဆွဲအား
                             (ယောဆရာတော် ၁၁.၂.၂၀၀၂)

ဗုဒ္ဓ၏ ငြိမ်းချမ်းစွာ အတူလက်တွဲနေနိုင်ရေး (မူကြီး လေးချက်)

၁။ မေတ္တာဖြင့် အေးချမ်းစွာ အတူလက်တွဲနေနိုင်ရေး။။
၂။ ဂရုဏာဖြင့် မိမိအောက် နိမ့်သော သူတို့ကို ဖေးမကူညီရေး။။
၃။ မုဒိတာဖြင့် မိမိထက် သာသောသူတို့ကို ချီးမြောက်ရေး။။
၎။ ဥပေက္ခာဖြင့် (မေတ္တာ၊ ဂရုဏာ၊ မုဒိတာတို့ဖြင့် မရသောသူတို့ကို (ဝါ) မထိုက်တန်းသော သူတို့ကို) ဒဏ်ပေး (ဒဏ်တပ်)ရေး။။               ( ယောဆရာတော်)

ဤလေးပါသော တရားတို့ကို မြတ်သော ဗြဟ္မာကြီးတို့၏ နေခြင်းနှင့်တူသောကြောင့် ဗြဟ္မဝိဟာရတရား လေးပါဟုလည်း
 ခေါ်ပါသည်။။
                                                                          ကိုရင်အာယု မန်းသီတဂူ

Monday, January 30, 2012

ဘယ်သူက အစားပေးမလဲ?

လောကမှာ မြစ်ကြီးတစ်စင်း စီးဆင်းနေတယ်ဆိုပါစို---
အဲဒီမြစ်ကြီးရဲ. ရေတွေကို သုံးစွဲလိုက်ရတဲ့ရေတွေဟာ ဘာမှ မပြောပလောက်ဘူး--
မသုံးစွဲ လိုက်ရတဲ့ ရေတွေကသာ များတာ---
အဲဒိလိုပါဘဲ လူတွေရဲ့ စိတ်တွေဟာလည်း  အမြဲဖြစ်နေတယ် အလုပ်လုပ်နေမှ မဟုတ်ဘူး အိပ်နေရင်လည်း ဖြစ်နေတာဘဲ၊ အဲဒီ စိတ်တွေထဲမှာ သုံးစွဲလိုက်ရတဲ့ စိတ်ကနည်းပြီး အကျိုးမရှိတဲ့ စိတ်တွေက များတယ်။။
      တစ်နေမှာ ဆယ်ပိဿာ (လုပ်နိုင်) ရနိုင်တဲ့ အလုပ်ရှိတယ်ဆိုကြပါစို့
အဲဒိအထဲမှာ ကိုယ်က တစ်ကျပ်သားလောက်ဘဲ ရတာနင့် ကျေနပ်နေမယ်ဆိုလျှင် -----
ကျန် ကိုးဆယ့်ကိုးကျပ်သား (၉၉) ကို ဘယ်သူက အစားပေးမလည်း.......................
                                                      (ယောဆရာတော်)

သူယုတ်မာများ ရှိနေကြလို့သာ

ဆေးဆရာဝန်တွေဟာ အနာ ရောဂါတွေကြောင့် နာမည်ကြီး ထင်းရှား လူသိများကြရတယ်။။
အနာရောဂါတွေသာ မရှိကြတော့ဘူးဆိုလျှင် ဆေးဆရာဝန်တွေလည်း ရှိကြမည်မဟုတ်သလို။။။။
သူယုတ်မာများ ရှိနေကြလို့သာ သူတော်ကောင်းတရား နှင့် သူတော်ကောင်းများ ထင်းရှားပေါ်ထွက်လာခဲ့တာပါ။
သူယုတ်မာများ မရှိ သူတော်ကောင်းတွေချည်း ဖြစ်နေမည်ဆိုလျှင် သူတော်ကောင်းတရား နှင့် သူတော်ကောင်းတွေ ထင်ရှား၍ လူသိများမည် မဟုတ်ပေ။။
                                                                 (ယော ဆရာတော်)

ပညာ နရာနံ ရတနံ

ရဟန်းတော်များဟာ မိမိတို့တတ်သိထားတဲ့ ဘုရားရှင်ရဲ့ တရားတော်ဆိုင်ရာ ဗဟုသုတတွေကို စာဖတ်ပရိသတ်တွေထံ ဒကာ ဒကာမတွေထံ ရောက်အောင် ပိုပေးသင့်ပါတယ်။။။
ကိုယ့်ရင်ထဲ စိတ်ထဲ ညာဏ်ထဲမှာ သိထားပြီးသား တွေကို သူတစ်ပါးတို့အား ဖြန့်ဝေမူ မပြုနိုင်ရင် ရဟန်းတော်များရဲ့ ဗဟုသုတတွေဟာ သော့ခတ် သော့ပိတ် ထားတဲ့ ရတနာသေတ္တာ နှင့် တူနေပါလိမ့်မယ်။။
                                                                                                   (ယော ဆရာတော်သြ၀ါဒ)

လူ့ရွာအလှ

၁။ စကားမများ၊ အလုပ်များ၊ စွမ်းအားတက်ပါစေ။။။။။
၂။ ကိုယ့်ကိုကိုယ်သာ၊ ကိုယ်ဆရာ၊ ကိုယ်တိုင်သိ၍၊ ပြုပြင်လေ။။။
၃။ ခန္တီ မေတ္တာ၊ ဤနှစ်ဖြာ၊ လူ့ရွာ အလှပေ။။။
( ယောဆရာတော်)

ဘုရားသော်မှ မလွတ်ရဘူး၊

ဝိပါက်ဟူသည်၊ ကြာမရှည်ခင်၊ ပြန်လည်တတ်မျိုး၊ မကောင်းကျိုးဖြင့်၊ နောက်ပိုးလိုက်တတ်၊ သူ့ကိုဖျက်က၊ ကိုယ်ပျက်တတ်စွာ၊ ဤလူ့ရွာဝယ်၊ ဓမ္မတာအရိုး ပမာနိုးမူ၊ ခါးမျိုးချိုမျိုး၊ စေ့စိုက်ပျိုးက၊ ထိုးမျိုးအလား၊ မခြားတူပြီး၊ ခါးချိုသီးသို့၊ သားကြိးမင်းပျို၊ မှတ်ပိုက်သိုလော့၊ သူကိုသရမ်း၊ မကြောကြမ်းနှင့်၊
 လူနှမ်းကိစ္စ၊ ကျိုးမလှဘူး၊ နိယာမမျိုး၊ ကောင်းအဆိုးတိ၊ ပြစ်ကျိုးနှစ်ပါး၊ ဖြစ်တတ်ငြား၏၊ ဘုရားသော်မှ မလွတ်ရဘူး၊။။
စိတ်ကပြစ်မှား၊ မတရားဖြင့် သူ့ အားကိုယ်ကြံ၊ ကိုယ်အကြံတိုင်း၊ သူကြံကြမြဲ၊ မလွဲမှန်လှ၊ ဧကန္တတည့်၊ ပါပမနော သဘောဖရုသ် ကြမ်းကြုတ် မျက်ဆူ အမူဆိုးဝါး တောချုံကြားက ကျားသို့ကျင့်သူ ကျားတူမုချ ပျက်စီးရသည်။ ဒိဋ္ဌမချွတ် ပက်ပါတည်း။။။ မာဃဒေဝ ၂၄၄ (နာ ၁၉၀)

ဘုရားသော်မှ ကယ်မရဘူး

မကြိုး မကုတ်၊ အားမထုပ်မှု၊ လူမလုံ့လ၊ နတ်မ မတည့်။
ပယောဂစက် ပျက်သည့်သူအား လူကိုထား၍ ဘုရားသော်မှ ကယ်မရဘူး။။
( မှတ်ချက်) ပယောဂစက်ဟူ သည် ဝီရိယထား ကြိုးစားချင်းတည်း၊ လည်းကောင်းစက် မပျက်ကြစေရာသတည်း။။။ မာဃဒေဝ ၂၄၉ (နာ ၁၉၃)
ရေကြောင့် ညွန်ဖြစ် ထိုညွန်ညစ်လည်း စင်စစ်မထင် ရေကြောင့်စင်၏။။။။။
ထို့သွင်မှန်စွာ စိတ်ကြောင့်သာလျှင် ယုတ်မာ ညစ်ညူး အထူးစင်ကြယ် လူဝယ်နှစ်မျိုး ဖြစ်မြဲရိုးတည်း။။
မာဃဒေဝ ၂၅၂ (နာ ၁၉၅)

မပေးမလှူ မုန်းဆေးဟူ၏၊

လဲ့လဲ့ ကျိတ်ကျိတ်၊ မစ္ဆေစိတ်နှင့်၊ ဒိဋ္ဌိ လောဘ၊ မောဟပိတ်ဆို့၊ ပညာချို.သည့်၊ လူတို့ဥစ္စာ များတုံပါလည်း၊ မဟာသမုဒ်၊ ရေ အစုတ်သို့၊ သောက်ထုပ် သုံးချိုး၊ ဘယ်သူမျိုးမျှ၊ အကျိုးမရ။
ပဏ္ဍိတတို့ ၊ ဓနမှုကား၊ နည်းငြားပစေ၊ တွင်းထွက်ရေသို့၊ ဗိုလ်ခြေအလုံး၊ သောက် သုံးချမ်းသာ၊ ပြိးတတ်စွာရှင့်။။
သဒ္ဓါမရှေး မပေးမလှူ မုန်းဆေးဟူ၏၊
ပေးလှူတတ်သော် ချစ်ဆေးကျော်တည်း။
လူဘော်ဌာန ဤလောက၌ စိတ်ကကြည်စွာ စေတနာနှင့် သဒ္ဓါဝမ်းတွင်း ပေးကမ်းခြင်းကား ရခြင်းထက်သာ ဝမ်းမြောက်စွာသည် မင်္ဂလာလွန်မြတ် ဖြစ်သတတ်ရှင့်။။။ မာဃဒေဝ (၂၅၄ နာ ၁၉၇)
မေတ္တာရှေးဦး  ပြုပေးဘူးကို ကျေးဇူးသိမှု ကတညူတည်း။။
ထိုသူထက်ပင် ကျေးဇူးအင်ကို ထင်ထင်မချွတ် ပြောဆိုတတ်က သူမြတ်မှန်လှ ကတဝေဒီ ဟူတုံပြီးရှင့်။။   လောကီလူစု မြင်ညာဏ်နုတို့ သူပြုအထူး သူ့ကျေးဇူးကို ကြည်နူးဝမ်းမြောက် မခေါက်မရက် နှစ်သက်အင်ရွဲး သိတတ်ခဲး၏။။။
တရားမကြိုက် လျှာစရိုတ်နှင့် လူမိုက်တစ်သောင်း ချီးမွမ်းရှောင်းလည်း သူကောင်းတစ်ယောက် ပြစ်တင်ကြောက်လော့။။။။။။ မာဃဒေဝ ၂၆၀ (နာ ၂၀၃)
လောင်ခြစ်ပွက်ဆူ မျက်ထွက်လူကို တုံ့မူမမျက် ပြန်မထွက်က အောင်ခက်နိုင်ခဲး စစ်မြေထဲဝယ် အောင်ပွဲရသည် သူဟုမည်ရှင့်။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ မကြည်စိတ်ခက် အမျက်ထွက်သူ ထိုသည့်လူနှင့် အတူပြန်လျက် မျက်မာန်ထွက်သော် ရှေးထက် နောက်လူ မိုက်သောဟူ၏။။ မာဃဒေဝ ၂၆၃ (နာ၂၉၅)
ဤလောက၌ မိ၊ဘကိုပင် ဥစ္စာမြင်မှ ခင်မင်မြတ်လေး သားတို့မွေး၏၊ ပဲး၊ရွှေးမရှိ ဘမိတို့အား သမီး သားလည်း၊ ထံပါးနီးရပ် မကပ်တုံလျှင် ရှောင်ကြကွင်း၏။။။။ မာဃဒေဝ ၂၆၇ (နာ၂၀၉)
ဤလူတို့ဘောင် အိမ်ရာထောင်တို့ မရှောင်ပူချမ်း ကြိုးပမ်းဥစ္စာ ရအောင်ရှာလျက် လေးဖြာခွဲးမှု လေးဘို့ပြု၍ တစ်ခုခံစား နှစ်စုအားလျှင် စီးပွါးယှဉ်ရာ တစ်စုမှာမှု လိုခါနောင်ဘို့ မချို. ဆောင်ဘွယ် မြေဝယ်မြုပ်ထား ပြုအပ်ငြား၏ ။။။မာဃဒေဝ ၂၈၅ (နာ ၂၂၃) (ယခုအခါဝယ် ဘဏ်တွေ၌ အပ်နံနိုင်ပေပြိး မြေ၌မြုပ်စရာ မလိုတော့ပေ။။ )

Sunday, January 29, 2012

ဗုဒ္ဓ၏ ဆင်းတုတော် တစ်ဆူ၏ နောက်ကွယ်မှ သမိုင်း၊ အနုပညာ၊ ဗိသုကာ၊ စိတ်ပညာ၊ ရှေးဟောင်းသုတေသန စသည်အကြောင်း

ကမ္ဘာပေါ်ရှိ ဘာတိုင်းဝယ် မိမိတို့ နှစ်သက်ကိုယ်ကွယ်သော ဘုရား သို့မဟုတ် God တို့၏ ရုပ်တု ရုပ်ပွားတို့အား မိမိတို့၏ ဘာသာရေး အဓိပ္ပါယ် အမျိုးမျိုးဖွင့်ကာ ထုလုပ်ကွယ်ကွယ်မှုများရှိကြပါသည်။ ဦးဇင်းများ ဗုဒ္ဓဘာသာမှလည်း နိုင်ငံ လူမျိုး ဒေသ ယျဉ်ကျေးမှု စသည်အားလျှော်စွာ အဓိပ္ပါယ်၊ ပုံစံအမျိုးမျိးဖြင့် တုလုပ်ကွယ်ကြပါသည်။ သို့သော် ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်ပြီး နစ်ပေါင်း တော်တော်များ (၄၀၀) ခန်.လောက်ထိ တိုင်အောင် ဗုဒ္ဓဆင်းတုတော် မပေါ်ပေါက်သေး (ကြည်ညိုသူတို့ ထုလုပ် ကိုးကွယ်မှု မပြုကြသေး ) ဟု ပညာရှင်များ ဆိုပါသည်။
ထိုစဉ်က ကြည်ညိုသူတိုသည် ဘာတွေကို ဘုရား ကိုယ်စားတော်ပြု၍ ကိုယ်းကွယ် ဆည်းကပ် ပူဇော်ခဲ့ကြသနည်း။ မေးဖွယ်ရာရှိပါသည်။ ဘုရားရှင်လက်ထက်တော် အခါက ဗောဓိပင်ကို ဘုရားကိုယ်းစားတော် ပြု၍ ကိုးကွယ်ခဲ့ဘူးကြောင်း သာဓက ရှိပါသည်။ ကောသလမင်းကြီး၏ လျောက်ထားချက်အရ ဘုရားရှင်က စေခိုင်းတော်မှူ၍ အရှင်အာနန္ဒာ ကိုယ်တော်တိုင် မူလဘုရားဖြစ်ရာ ဗောဓိပင်ကြိးမှ အစေ့ကို ယူကာ ဇေတဝန် ကျောင်းတော်အတွင်း စိုက်ပျိုး ကိုးကွယ်သော ဗောဓိပင်မှာ အာနန္ဒာဗောဓိဟု လူသိများပါသည်။ မြတ်စွာဘုရား သခင်သည် သက်တော်ထင်ရှားရှိစဉ်အခါက သာဝတ္ထိပြည်ဇေတဝန်းကျောင်း၌သာ ဝါဆို ဝါကပ်များခဲ့ပါသည်။ ဝါကျွတ်သောအခါ တခြားတစ်ပါးသို့ ကျွတ်ထိုက်သော သတ္တဝါတို့ရှိရာသို့ ဒေသစာရီကြွမြဲလည်းဖြစ်ပါသည် ။ ထိုအခါများဝယ် ထင်းရှားသော သာဝကကြီးများလည်း ဘုရားနောက်မှ လိုက်ပါမြဲဖြစ်ပါသည်။ လည်းကောင်းအချိန်များ၌ ဇေတဝန်ကျောင်းတော်ကြီသည် ဘုရားရှိစဉ်ကလို ဘုရားဖူး ပရိတ်သတ်တို့ဖြင် စီကားခြင်းမရှိတော့ပေ။ ဘုရားရှင် ရှိသည်ထင်ကာ လာရောက်ကြသော ပရိတ်သတ်တို့မာလည်း ဘုရားရှင်းခရီးကြွသွားသောကြောင့် ရှိခိုးဦးချစရာမရှိဖြစ်လေသည်။ ထိုအကြောင်းကို ကောသလဘုရင်မှ ဘုရားရှင်းအား လျောက်ထားသောကြောင့် အာနာန္ဒာဗောဓိဖြစ်လာသည်ဟု လေ့လာသိရှိရပါသည်။ တချိုသောသူများက ဗောဓိပင်ပုံကို ကျောက်သာတွင်ထုဆစ်ကာ ကိုးကွယ်ကြသည်ဟုလည်း အိန္ဒိယ ကျောက်ဆစ်ရုပ်ပုံများကို ကြည့်ခြင်းဖြင့် သိရှိလေ့လာ ခန့်မှန်းရပါသည်။ ဗောဓိပင်အပြင် တခြားသော ဓမ္မစင်္ကြာ (လည်းဘီး) ပုံ ကျောက်ဆစ်ရုပ်များကိုလည်း တွေရသောကြောင့် ဘုရားရှင်ကိုယ်စားအနေဖြင့် (ဘုရားရှင်တရားဦးဟောတော်မှုသည်ကို ရည်မှန်းကာ) လည်းကောင်း (လည်းဘီးပုံ) ဓမ္မစင်္ကြာ ရုပ်တုတို့ကိုလည်း ကိုးကွယ်ပူဇော်ခဲ့ကြကြောင်းကို လေ့လာမှတ်သားရပါသည်။ သုံးခုမြောက်အနေဖြင့် စေတီပုံစံ (ထူပ) များကိုလည်း ဘုရားရှင်၏ ဓါတ်တော်တိုက် အနေဖြင့်လည်းကောင်း ဘုရားရှင်း ပရိနိဗ္ဗာန်စံဝင်ခြင်းကို ရည်ရွယ်သောအားဖြင့် (ထူပ= ထမင်းဦးဖောင်းပုံစံ=ထင်မင်းကို ပန်းကန်ထဲထည့်သည် အခါ ထိပ်ချွန်ပြီး နေသော ပုံစံ) (ကျမ်းညွန်း=====နထူပကတော သြမဒိတွာ ဘုဉ္ဖိဿာမီတိသိက္ခာကရဏီယာ။ သေခိယ) ကိုးကွယ် ပူဇော်ခဲ့ကြကြောင်း လေ့လာမှတ်သားရပါသည်။
ဟိုးရှေးကာလ ဂန္ဓာရတိုင်း၌လည်း ရတနာသုံးပါးကို  ကိုယ်စားပြုသောအားဖြင့် လှံသုံးခွပုံကို ထုလုပ်ကာ ကိုးကွယ်ခဲ့ကြောင်းမှတ်သားရပါသည်။  ၎င်းခေတ်ကလည်း ဗုဒ္ဓရုပ်ပွားတော် ထုလုပ်ကိုးကွယ်ခဲ့ဟန် မရှိသေချေ။
ရှေးအကြဆုံးဟု ယူဆရသော ဗုဒ္ဓရုပ်ပွားတော်ကို မထုရာပြတိုက်တွင်တွေနိုင်ပါသည်။ ၄င်းရုပ်ပွားတော်ကို (ကုသျံခေတ်) ပူသျံခေတ် က ထုပ်လုပ်ခဲ့သည်ဟု သိရပါသည်။ မောရိယခေတ် ပူသျံခေတ် သုက္ကခေတ် ဂုတ္တခေတ်ဟု လေးပိုင်းခွဲကာ လေ့လာမည်ဆိုက (သီရိဓမ္မာသောက မင်းကြီး၏) မောရိယခေတ်၌ ဗုဒ္ဓရုပ်ပွားတော်မပေါ်ပေါက်သေးကြောင်းလေ့သိရှိရပါသည်။ ၎င်းရုပ်တုတော်ကို မထုရာဒေသ၌တွေရှိရသော်လည်း ပါဠိတော်လာ မထုရာသုတ်များအရ မထုရာဒေသသည် အလွန်းကြမ်းတမ်းသော ဒေသ ဖြစ်ပါသည်။ မြေသာတို့၏ မညီညွတ်ခြင်း၊ မြူမုံး ဖုံမုန့်တို့ထူထပ်ခြင်း ခွေးရိုင်းများရှိခြင်း သားရဲဘီးလူးတို့ရှိခြင်း၊ ရဟန်းတော်တို့အတွက် ဆွမ်ခံမရခြင်းတို့သည် မထုရာဒေသ၏ ဂုဏ်ထူးဝိသေသများဖြစ်ပါသည်။ ၎င်းအကြောင်းတို့ကို ထောက်ဆတွေးတောပါက မထုရာဒေသ မထုရာအရပ်သည် မြတ်စွာဘုရား သာသနာ မထွန်းကာ မပွင့်လင်းခဲ့သော အရပ်ဟု ခန့်မှန်းနိုင်ပါသည်။ သို့ဖြစ်က မထုရာဒေသဝယ် ရှေးအကျဆုံး ဗုဒ္ဓရုပ်ပွားတော်ကို တွေရှိရပါနည်း? ဟု မေးလာပါမူ ၎င်းရုပ်တုတော်၏ အသွင်အပြင် အနုပညာ လက္ခဏာတို့ကို လေ့လာသုံးသပ်ဖြေကြားရပါတော့မည်။။ မထုရာရုပ်တု၏ လက္ခဏာသွင်ပြင်မှာ ဦးခေါင်းတော်ကို လေ့လာမည်ဆိုက (အိန္ဒိယ)ပန်ချာလူမျိုးတို့နင့်ချွတ်စွပ်တူနေတာကိုတွေ့ရပါသည်။ ဆံထုံးတော်မှာလည်း ပန်းချာတို့ဆံထုံး အတိုင်းဖြစ်နေပါသည်။
၎င်းအချက်ကိုထောက်ဆသော် မထုရာရုပ်တုတော်သည် မထုရာဒေသခံများ ထုလုပ်ခဲ့သည်မဟုတ် (မထုရာဒေသခံတို့သည်လည်း ဗုဒ္ဓအားကြည်ညိုသူများအဟုတ်ကြ) ကြောင်း ၊ ပန်ချာ အိန္ဒိယ လူမျိုးတို့၏လက်ရာဖြစ်ကြောင်း သက်သေခံလျက်ရှိပါသည်။ ပန်းချာတို့သည် အဘယ်ကဲ့သို့ထုလုပ်ခဲ့ကြပါသနည်း။ ပူသျံခေတ်အစပိုင်းလောက်ခန့်က ဂရိဘုရင်းတို့သည် အိန္ဒိယနိုင်ငံကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာ ကျောက်ဆစ်ပညာရှင်တို့ကိုလည်း တစ်ပါတည်းခေါ်ဆောင်လာဟန်ရှိပါသည်။ ၎င်းဂရိဘုရင်တို့သည် ပန်ဂျပ်ပြည်၌ အခြေစိုက်ကြောင်း၊ပဂျပ်လူမျိုး (ပန်ဂျာပီ)တို့မာလည်း ရုပ်ရည်အဆင်းအလွန်းလှကြောင်း အချားသောအိန္ဒိယလူမျိုးတို့ထက်သာလွန်းကြောင်းမှတ်သားရပါသည်။ ၎င်းဂရိပညာရှင်တို့မှ ပန်ချာလူမျိုးတို့က ကျောက်ဆစ်ပညာကိုရရှိကာ ယခုမထုရာရုပ်ပွားတော်ကို ထုပ်လုပ်ခဲ့မည်ဖြစ်ကြောင်း ဆက်စပ်လေ့လာသိရှိရပါသည်။ အဘယ်ကြောင့်ဆိုသော် ယခုမထုရာရုပ်တုမှာ ပန်ချားများနှင်တူနေသော်လည်း ဂရိပြည်မှ နတ်ရုပ်များ၏လက်ရာတို့နှင့် ဆက်နွယ်နေသောကြာင့်ဖြစ်ပါသည်။ ဂရိနတ်ရုတ်တို့၏လက်ရာသည်လည်း ယခုမထုရာရုပ်ပွားတော်လက်ရာနှင့် တူနေပါသည်။ ထိုကြောင့် ဂရိတို့လက်ရာဟု ဆိုလိုပါသည်။
၎င်းရုပ်ပွားတော်၏ တစ်ဘက်တစ်ချက်တွင် ရုပ်တု နှစ်ခုရှိပါသေးသည်။ ၎င်းရုပ်တုတို့မှာ နောင်အခါဝယ်ပွင့်ပေါ်လာမည့် ဘုရားအလောင်းများဟု ဆိုပါသည်။ ဤသို့ဘုရားအလောင်းများ၏ ရုပ်တုများအမှန်ဖြစ်ခဲ့ပါမှူ မထုရာဆင်းတုတော်ကို ထုစဉ်က ၎င်းပန်ဂျပ်ပြည်သည် ထေရဝါဒသာနာထွန်းကားသည်မနိုင်ချေ၊ မဟာယာနများ လွမ်းမိုးဟန်ရှိလေသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားအလောင်းဝါဒဆိုမှာ မဟာယာနတို့၏ ဝါဒ၊ ဖြစ်သည့်အပြင် သူတို့၏ ပန်းတိုင်းလည်းဖြစ်သောကြောင့်ဖြစ်လေသည်။(ဆက်လက်ရေးသားပါမည်)အရှင်ဘုရားများ သိရှိထားသည်များနင့် ဆန်းကျင့်နေပါက တပည်တော်အား ထောက်ပြ ဆုံးမတော်မူကြရန်နှင့် တပည့်တော်မှ အရှင်တို့ခြေတော်အစုံကို ဦးခိုက်ကာ ခံယူပါမည်ဘုရားSSA

မာဃဒေဝလင်္ကာ


လောက၌တွင် ပျားနှင့်ယင်ကို ပမာပြုထား မောင်ရှုစားလော့ ပျားကားအုံပြု အရည်စု၍ ထားမှုလိမ္မာ နောင်ချမ်းသာ၏....။
ယင်မှာသော်တုံ ဝမ်းဝရုံမျှ အုံကာသောက်စား စုမထားဘဲ ရှာငြားမပြတ် မရ ငတ်၏....။
မုချဆက်ဆက် အလဿဖြင့် ငယ်ကပျင်းမှု ကြီးမှုဆင်းရဲ ရစမြဲတည်း။

မန်းသီတဂူကျောင်းသားများ စားမေးပွဲ ဖြေဆိုနေကြစဉ်။