ဒါနစသည့် ကုသိုလ်ကောင်းမှုများပြုလုပ်လျင် ရှိလို့ လုပ်သည်ဆိုခြင်းထက် သိလို့လုပ်သည် ဆိုသော အသိတရားကိုသာ ဦးစားပေးလုပ်ရမည်။
ဦးတည်ရည်မှန်းချက်ထားပြန်တော့လည်း ရှိဖို့ထက် သိဖို့ကိုသာ အဓိက ထားရမည်။
ရှိလို့ လှူတာ မဟုတ်ပါ။
သိလို့လှူတာပါ။
ရှိဖို့လှူတာမဟုတ်ပါ။
သိဖို့လှူတာပါ။
ရှင်တော်မြတ်ဘုရား သိမြင်ပြီးတဲ့ အမှန်တရားတို့ကို သိမြင်ရပါလို့၏ ဟု အသိအမြင် ရှင်းရှင်းဖြင့် (ပညာမျက်လုံး) လှူရမည်။။ ၁၆.၀၁.၂၀၀၂ (ယောဆရာတော)်

No comments:
Post a Comment