ဘုံဘေမြို့သည်
အိန္ဒိယနိုင်ငံ၏ အကြီးဆုံးမြို့ကြီးဖြစ်သည့်အပြင် စီးပွားရေး အချက်အခြာကျသော
မြို့လည်းဖြစ်သည်။ ကမ္ဘာ့လူဦးရေး အများဆုံးသောမြို့ကြီးများ
စရင်တွင်လည်းပါဝင်လေသည်။ ရှေးယခင်က ဂုဂျာရတ်ပြည်နယ်အတွင်း ပါဝင်ခဲ့သော်လည်း၊ မာရသီ
ဘာသာစကား ပြောဆိုသော မြို့ဖြစ်ရကား မဟာရဋ္ဌပြည်နယ်အတွင်း ပါဝင်ခဲ့လေသည်။ အိန္ဒိယအနောက်ကမ်းရိုးတမ်းပေါ်ဝယ် ကျွန်း (၇) ခုကို စုစည်း
မြို့တည်ရာမှသည်၊[1]
အိန္ဒိယနိုင်ငံ၏ စီးပွားရေး မြို့တော်အဖြစ် ရောက်ရှိလာသော ဘုံဘေသမိုင်းကို
ပြောရလျှင် ရှည်လျှာထွေးပြာလွန်တော့သည်။ ကျောက်ခေတ်ကာလကတည်းကပင် လူသားတို့
စတင်အခြေချခဲ့ကြသည်။ သို့သော်လည်း မာရသီတံငါးသည်များကိုသာ ကျွန်းပေါ်ဝယ် အစအဦး ဓါးမဦးချသူများဟူ
သတ်မှတ်ကြလေသည်။
ဘုံဘေမြို့သည်
မောရိယခေတ် အစ္စလမ်ခေတ် ပေါတီဂီ ဗြီတိသျှ အစရှိသော ခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့ရသည်။
1st century BCE ကတည်းကပင် ဘုံဘေမြို နလစောပရ “Nala Sopara” (ဗာဟိရဒါရုစရိယမထေရ်
ရေမျှောကမ်းတင်ရာ) ဆိပ်ကမ်းသည် ရောမအင်ပါယာနှင့် ကူသန်းရောင်ဝယ်ရာ အဓိက
ဆိပ်ကမ်းကြီးတစ်ခုဖြစ်ခဲ့လေသည်။
3rd
century BCE, အချိန်က မောရိယအင်ပါယာလက်အောက် ရောက်ရှိစဉ် ဗုဒ္ဓဘာသာနှင့်
ဟိန္ဒူဝါဒများ ထွန်းကားရာ အဓိက နေရာဖြစ်ခဲ့သည်။ (မြို့တော်မှာ ပါဋလိပုတ် ဖြစ်သည်) လည်းကောင်း
သုံးရာစု အလယ်ပိုင်းနှစ်များတွင် ကန်ဟာရီ
“Kanheri Caves” လှိုင်ဂူကြီးများကို ဖန်တီးကာ (ယခုဘုံဘေမြို့အလယ်
တောအုပ်အတွင်း) ဗုဒ္ဓရဟန်းတော်များ၊ စာပေပညာရှင်းများဖြင့် အထူးစည်ကားခဲ့လေသည်။
185 BCE
ခန့်တွင် မောရိယ အင်ပါယာဇာတ်သိမ်းပြီးနောက်၊ သတ္တဝါဟနအင်ပါယာ “Satavahanas”
အောက်ကြရောက်ပြီး၊ လည်းကောင်းမင်းဆက်များ
ဆက်လက်အုပ်ချုပ်ကြပြန်သည်။ (မြို့တော်မှာ အန္တရာပရာဒေရှ်စ် ပြည်နယ်မှ အမရဝတီ နှင့်
ယခု ပူနေးမြို့အနီးမှ ဂျူနားမြို့ တို့ဖြစ်သည်)။ လည်းကောင်းမင်းဆက်များသည်လည်း
ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာတို့ကို ချီးမြှောက် ထောက်ပံ့ခဲ့လေသည်။
သတ္တဝါဟန
ခေတ် ကုန်ဆုံးချိန် 250 CE မှသည် နောက်ပိုင်းကာလများတွင် အမျိုးမျိုးသော
ဟိန္ဒူမင်းဆက်များ အုပ်ချုပ်ကြပြန်သည်။ ဗုဒ္ဓဘာသာသည်လည်း၊ လည်းကောင်း သတ္တဝါဟန
မင်းဆက်များနှင့်အတူ ပျောက်ဆုံးခဲ့လေသည်။ ဗုဒ္ဓလိုင်ဂူများအတွင်းမှ စေတီ (ထူပ)
များကိုလည်း သျီဝလိင်္ဂ (ဟိန္ဒူတို့၏နတ်ဘုရား) အဖြစ် ပြောင်းလဲခဲ့ကြလေသည်။
(သဗ္ဗေသင်္ခါရာ အနိစ္စာ ဟု နှလုံးသွင်းယုံမှတပါး အခြားမရှိပါလေ)
ဟိန္ဒူမင်းဆက်တို့ကျဆုံးချိန်
၁၃၄၈ မှသည် ၁၅၃၄ အထိ) နှစ်ပေါင်း ၂၀၀ နီးပါး ဂုဂျာရတ် မွတ်စလင် ဘုရင်များလက်အောက်၊
၁၅၃၄ ခုနှင်တွင် ပေါ်တူဂီ လက်အောက် ရောက်ရှိပြီး၊ စက်ရုံများ တည်ဆောက်လေသည်။
ထို့အပြင် စပိန်၊ ဒါခ်ျ၊ အင်္ဂလိပ် ကုန်သည်များ ရောက်ရှိခဲ့လေသည်။ ၁၆၁၂ ခုနှစ်မှ
စတင်ကာ ပေါတူဂီနှင့် အင်္ဂလန်တို့ ဘုံဘေပိုင်ဆိုင်ရေးအတွက် စစ်ပွဲအကြီးအကျယ် ဖြစ်ခဲ့သည်။
၁၆၅၉ ခုနှစ်တွင် အင်္ဂလိပ်တပ်များ ဘုံဘေကို သိမ်းပိုက်နိုင်ခဲ့သည်။ ထိုအချိန်တွင်
အခြားသော အဟာရဋ္ဌပြည်နယ် အစိတ်အပို်င်းတို့ကို သျှီဝကြီးဘုရင်က
မွတ်စလင်ဘုရင်များကို တိုက်ထုပ် အုပ်ချုပ်ခါ၊ တန်ခိုးထွာလျက် ရှိလေသည်။
နောက်ပိုင်းနှစ်များတွင် အင်္ဂလိပ်တို့က အိန္ဒိယ တနိုင်ငံလုံးကိုပင်
အုပ်ချုပ်သွားလေသည်။ အင်္ဂလိပ်လက်အောက်တွင် ဘုံဘေမြို့သည် တက္ကသိုလ် ကောလိပ်များ၊
ဆေးရုံ ဆေးခန်းများ၊ မီးရထား ကားလမ်းကြီးများဖြင့် အထူး စည်ပင်တိုးတက်ခဲ့လေသည်။
(ဆက်ပါဦးမည်)