Monday, July 18, 2016

၁။ မဟာရဋ္ဌ နိဒါန်း။ (ရှေးဟောင် ဗုဒ္ဓကျောက်လှိုင်ဂူများ ရှိရာမြေ)


၁။ နိဒါန်း 
= =
လူဦးရေ သန်းပေါင်း ၁၃၀၀ နီးပါးနေထိုင်ကြပြီး 
ကမ္ဘာမှာ ဒုတိယ လူဦးရေ အများဆုံးနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံသည် ထူးဆန်းအံ့သြဖွယ်ကောင်းသော အရာဝတ္ထုများ၊ အမျိုးမျိုးသော ဘာသာစကား စာပေ ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ နှစ်ပေါင်းထောင်သောင်းကျော် သက်တမ်းရှိ အဆောက်အဦးကြီးများ၊      ရှေးအိန္ဒိယ ဘာသာရေးကျောက်လှိုင်ဂူကြီးများ၊    နိုင်ငံရေး ဘာသာရေး အတွေးအခေါ်စသည့်နယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်ထူးများ စသည်ဖြင့် များစွာပြည့်နှက်လျက်ရှိပါသည်။ အိန္ဒိယနိုင်ငံသည် ဂေါတမ ဗုဒ္ဓဘုရားရှင်သာမက၊ ဂျိန်းဘာသာဝင်တို့၏ မဟာဝီရများ၊ ဟိန္ဒူဘာသာဝင်တို့၏ နတ်ဘုရားများ၊ ပန်ချာပီလူမျိုးတို့၏ ဂုရုကြီးများ၊ အခြားသော ဘာသာများစွာ၏ နတ်ဘုရားများ ပေါ်ပေါက်ရာဖြစ်၍ လေ့လာသင့်သော နေရာဒေသများမှာလည်း အများအပြားပင်ရှိလေသည်။ အိန္ဒိယနိုင်ငံသည် ပြည်နယ်ပေါင်း ၂၉-ပြည်နယ်ရှိပြီး စတုရန်းကီလိုမီတာ ၃.၂၉ သန်းမျှကျယ်ဝန်းပါသည်။ မြောက်မှ တောင်သို့ ၃. ၂၁၄ ကီလိုမီတာ ရှိပြီး အရှေ့မှ အနောက်သို့ ၂.၉၃၃ ကီလိုမီတာ ရှည်လျားသည်။ ထိုပြည်နယ် အသီးသီးတွင် မဟာရဋ္ဌပြည်နယ်သည်, (Maharashtra-state) ရှေးဟောင်း ဗုဒ္ဓဘာသာကျောက်လှိုင်ဂူကြီးများ အများအပြားတည်ရှိသောကြောင့် ဗုဒ္ဓဘာသာဝင်များ လည်ပတ်လေ့လာသင့်သော ပြည်နယ်တစ်ခုဖြစ်ပါသည်။
xxxxx 
မဟာရဋ္ဌပြည်နယ်သည် အိန္ဒိယနိုင်ငံ၏ အနောက်ပိုင်း ပြည်နယ်တစ်ခုဖြစ်ပြီး၊ (Uttara-prade) UPပြည်နယ်ပြီးလျင် ဒုတိယလူဦးရေအများဆုံး ပြည်နယ်လည်းဖြစ်သည်။ ဧရိယာအားဖြင့် သုံးခုမြောက် အကျယ်ဆုံးပြည်နယ် ဖြစ်သည်။ စက်မှုလုပ်ငန်း အများအပြား တည်ရှိသောကြောင့် အိန္ဒိယနိုင်ငံ၏ အချမ်းသာဆုံးပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ခံရသည်။ အနောက်ဘက်တွင် (Arabian-sea) အာရဗီယား ပင်လယ်နှင့် (Gujarat-state) ဂုဂျရတ်ပြည်နယ်။ မြောက်ဘက်တွင် (Madhya-Pradesh) MP, ပြည်နယ်၊ အရှေဘက်တွင် (Chhattisgara) ချတ္တိစဂတ်ပြည်နယ်၊ အရှေ့တောင်ဘက်တွင် (Andhra-Pradesh) AP ပြည်နယ်၊ တောင်ဘက်တွင် (Karnataka-state) ကာနတကပြည်နယ် နှင့် ကမ္ဘာကျော်ဂေါယာကမ်းခြေရှိရာ (Goa-state) ဂိုအာပြည်နယ် တို့ တည်ရှိလေသည်။ ဧရိယာ အကျယ်အဝန်း ၃၀၇၇၃၁ ရှိပြီး အိန္ဒိယနိုင်ငံအကျယ်အဝန်း၏ ၉ .၈၄ ရာခိုင်နုန်းကျယ်ဝန်းသည်။ မဟာရဋ္ဌ၏ မြို့တော် ဘုံဘေ (Mumbai) မွန်ဘိုင်း သည် အန္ဒိယနိုင်ငံ၏ အကြီးဆုံးမြို့ ဖြစ်ပြီး၊ စီးပွားရေမြို့တော်လည်းဖြစ်သည်။ ၁၆ ရာစု၊ ဘုရင်သျှီဝကြီးဘုရင် လက်ထက်တွင် မဟာရဋ္ဌပြည်နယ်သည် အိန္ဒိယ အစိတ်အပိုင်းတော်တော်များများကို စိုးမိုးထားသော မူဂါယ်တို့ကို (Mughals) (မူစလင်ဘုရင်များ) တိုက်ထုပ်ချိန်မှ စတင်ခဲ့လေသည်။ ၁၇၆၀ ခုနှစ်တွင် မဟာရဋ္ဌအင်ပါယာသည် အိန္ဒိယနိုင်ငံ၏ သုံးပုံ တစ်ပုံခန့်မျှ ကျယ်ဝန်းခဲ့လေရာ ဒုတိယ အသောက အင်ပါယာဟု ခေါ်နိုင်လေသည်။ အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေး ရရှိချိန်တွင် အိန္ဒိယနိုင်ငံသည် ဘာသာစကားတူရာတူရာ ပြည်နယ်များကွဲပြားသွားလေသည်။ နာဂပူမြို့သည် ထိုအချိန်က မဒ္ဒရာပရာဒေရှ်စ် MP ပြည်နယ်၏ မြို့တော်ဖြစ်ခဲ့သော်လည်း၊ နောက်ပိုင်းတွင် မာရသီဘာသာစကားကို အသုံးအနှုံးများသောကြောင့် မဟာရဋ္ဌအတွင်း ပေါင်းစည်းခဲ့လေသည်။ မြန်မာ့နောက်ဆုံးမင်းဆက် သီပေါဘုရင်၏ အကျဉ်စံ နန်းတော် Ratanagira, ရတနာဂီရိသည်လည်း မဟာရဋ္ဌမာပင် တည်ရှိသည်။ ထင်ရှားသော မြို့ကြီးများမှာ ဘုံဘေ,Mumbai၊ နာဆစ်Nashik,၊ နာဂပူNagpur,၊ ပူနေး၊ အော်ရမ်ဂဘတ် Aurangabad၊ နန္ဒိNanded,၊ စောလပူ Solapur, စသည်တို့ဖြစ်သည်။ အထူးသဖြင့် ရှေးယခင် ဗုဒ္ဓဘာသာဝင် အိန္ဒိယ မဟာလူသားတို့၏ သတ္တိ စွမ်းပကာ ညာဏ်ပညာ သဒ္ဓါတရားတို့ပြသရာ၊ ကြီးကျယ် ခန်းနားသော ရှေးဟောင်း အနုပညာလက်ရာ လှိုင်ဂူကြီးများ တည်ရှိရာ၊ မဟမဟာ အရပ်ဒေသကို မဟာရဋ္ဌ (တိုင်းကြီးမဟာ) ဟုခေါ်တွင်လေသည်။ 
- - - - -x -------- x--- -- --
ဆက်ရန်
ကိုရင်အာယု (ပူနေးတောရ)
ပူနေးဝိဒယဝိဟာရ်
မဟာရဋ္ဌ

18.07.2016

No comments:

Post a Comment