Monday, July 18, 2016

၂။ မဟာရဋ္ဌနိဒါန်း (ရှေးဟောင် ဗုဒ္ဓကျောက်လှိုင်ဂူများ ရှိရာမြေ)


၂။ အသောကမင်းကြီးနှင့် မဟာရဋ္ဌ
- - - -
မည်သို့ပင် ဆိုစေကာမူ မဟာရဋ္ဌဟူသောအမည်သည် အသောကမင်းတရာကြီး၏ ကိုးတိုင်းကိုးဌာန သာသနာပြု စေလွတ်စဉ်ကတည်းကပင် တည်ရှိလေသည်။ (မဟာ=ကြီးကျယ်မြင့်မြတ်သော+ရဋ္ဌ=တိုင်းနိုင်ငံ) ထိုစဉ်ကတည်းကပင် အခြားသော တိုင်ငံများထက် အစစအရာရာ သာလွန်ကြီးမြတ်သောကြောင် မဟာရဋ္ဌ ဟုခေါ်ဆိုခဲ့ခြင်းဖြစ်ပေမည်။ 
အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ်သည် အသောကမင်းကြီး၏ ပစ္စည်းလေးပါး အထောက်အပံ့တို့ကိုခံယူလျှက်၊ တတိယသံဂါယနာတင်တော်မူခြင်းဖြင့် မိစ္ဆာဝါဒဘေး စသော သာသနာ့ အညစ်အကြေးတို့ကို သုတ်သင် တော်မူပြီးနောက်၊ အနာဂါတ်သာသနာအရေးကို မြှော်တွေးတော်မူလျက် အခြားသော တိုင်းဒေသတို့၌လည်း သာသနာတော်ထွန်းကား တည်တံ့မည်ကို အနာဂတံသဉာဏ်ဖြင့် သိတော်မူသောကြောင့်၊ သီလ သမာဓိ ပညာ ခိုင်မြဲကုန်သော ပဋိသမ္ဘိဒါပတ္တ သမဏ အာဇာနည်းများကိုရွေးချယ်လျက် ကိုးဌာနသို့ သာသနာပြု စေလွတ်ခဲ့လေသည်။ 
=- - - 
လည်းကောင်း ကိုးဌာနတို့မှာ
၁။ မဇ္ဈန္တိကမထေရ်ဦးဆောင်သော ထေရဝါဒသာသနာပြုအဖွဲ့သည် ကသ္မိရဂန္ဓာရအရပ် (ယခု ယေဘုံယအားဖြင့် ပါကစ္စတန်၊ အာဖဂန်) သို့ကြွရောက်ခါ၊ အာသိဝိသောပမသုတ်ကို အစအဦးဟောကြားလျက်လည်းကောင်း။
- -
၂။ မဟာရေဝတ ဦးဆောင်သော သာသနာပြုအဖွဲ့သည် မဟိ့သကမဏ္ဍလ (ယခု ယေဘုံယအားဖြင့် တပ်မီးနဒူပြည်နယ် "Tamil Nadu State" အရပ်သို့ ကြွရောက်ခါ ဒေဝဒူတ သုတ်ကို အစအဦးဟောကြားလျှက်လည်းကောင်း၊ 
- - -
၃။ ရက္ခိတမထေရ်မြတ်သည် ဝနဝါသီအရပ် (ယခု ယေဘူယအားဖြင့် ကာနတ္တက ပြည်နယ် "Karnataka" သို့ကြွချီတော်မူလျှက် အနမတဂ္ဂ ပရိယာယကထာကို ဟောကြားတော်မူခြင်းအားဖြင့်လည်းကောင်း၊
- - -
၎။ ယောနကဓမ္မရက္ခိတမထေရ်အမူးရှိသော သမဏအာဇာနည်းတို့သည် အပရန္တအရပ် (ယခု ယေဘုံယအားဖြင့် ဂူဂျာရတ်ပြည်နယ် "Gujarat" ဘုံဘေ နာစစ် အောရန်ဂဘတ်) သို့ကြွချီကာ အဂ္ဂိက္ခန္ဓုပမာသုတ္တန်ကိုဦးစွာ ဟောကြားလျက်လည်းကောင်း။
- -
၅။ မဟာဓမ္မရက္ခိတ မထေရ်အမူးရှိသော သာသနာပြု ရဟန်းတော်များသည် မဟာရဋ္ဌအရပ် (ယခုအခါ ယေဘုံယအားဖြင့် ပူနေး သတရ၊ ကောဟပူ တဝိုက်) သို့ကြွရောက်ခါ မဟာနာရဒ ကဿပဇာတ်တော်ကို ဟောကြားတော်လျက်လည်းကောင်း ၊ 
- - -
၆။ မဟာရက္ခိတမထေရ် ဦးဆောင်သော သာသနာပြု အဖွဲ့သည် ယောနကအရပ် (ယခုအခါ ဂရိတ် တူရကီ အီရတ် အီရန်) သို့ကြွချီကာ ကာဠကာရာမသုတ်ကို အစအဦးဟောကြားလျက် လည်းကောင်း၊
- - -
၇။ မဇ္ဈိမ မထေရ်၊ ဦးဆောင်သော ထေရဝါဒသာသနာပြုအဖွဲ့သည် ဟိမာဝန္တာအရပ် (ယခု ယေဘူယအားဖြင့် နီပေါ တိဗက် ဘူတန်) သို့ကြွရောက်ပြီး၊ ဓမ္မစက္ကပဝတ္တနသုတ်ကို အစအဦးဟောကြားလျက်လည်းကောင်း။
= - - -
၈။ သောဏမထေရ်၊ ဥတ္တရမထေရ် ဦးဆောင်သော ထေရဝါဒ သာသနာပြုအဖွဲ့သည် သုဝဏ္ဏဘူမိအရပ် (ယခု မြန်မာ ထိုင်း မလေး အင်ဒို) သို့ကြွရောက်ခါ ဗြဟ္မဇာလသုတ်ကို အစအဦး ဟောကြားလျက်လည်းကောင်း။
- - -
၉ ။ အရှင်မဟိန္ဒမထေရ် ဦးဆောင်သော သာသနာပြုအဖွဲ့သည် သီဟိုရ်ကျွန်းသို့ကြွရောက်ခါ၊ စူဠဟတ္ထိပဒေါပမာသုတ်ကို အစအဦးဟောကြားလျက်လည်းကောင်း အသီးသီး သာသနာပြုကြလေသည်။
- - -
((ထိုသို့သာသနာပြုကြွရာဝယ် အနည်းဆုံး ၅ပါး သို့မဟုတ် အပါး ၂၀ (သံဃကံကြီး ကံငယ် ဥပုသ် ပဝါရဏာ စသည် ပြုလုပ်နိုင်ရန်) ပါဝင်ကြသည်ဟု ပညာရှိ ဆရာတော်များ ယူဆ သုံးသပ်ကြလေသည် ထိုကြောင့် မထေရ်ဦးဆောင်သောဟုလည်းကောင်း။ ထိုပြင် အသောမင်းကြီး၏ ထေရဝါဒသာသနာပြု မစေလွတ်ခင်၊ ရှေးယခင်ကတည်းက မဟာယာနဗုဒ္ဓဘာသာတို့ ရောက်ရှိနေဟန် သမိုင်းအထောက်အထားတို့များစွားတွေ့ရလေသည်။ ထိုကြောင် ထေရဝါဒ သာသနာပြုအဖွဲ့ဟုလည်းကောင်း မှတ်တမ်းတင်ရလေသည်။ ))
ထိုစဉ်ကတည်းက မဟာရဋ္ဌအရပ်သည် အသောကမင်းကြီး၏ မောရိယ အင်ပါယာ အာဏာစက်အတွင်းကြရောက်သော ဒေသဖြစ်လေသည်။ 
သာဓက ပမာပြရလျင် ဘုံဘေမြို့ ဗာဟိယဒါရုစရိယ မထေရ် ရေမျှော ကမ်းတင်ရာ သုပ္ဗတိထ္ထဆိပ်ကမ်းအရပ်ဝယ် စေတီပျက် အုဌ်ပုံကြီးများရှိသည်၊ တစ်ချို့သော အိန္ဒိယသားတို့က ဗာဟိယဒါရုစရိယ အထိမ်းအမှတ်အဖြစ် အသောကမင်းကြီးက စေတီတည်ခဲ့သော နေရာဟုပြောကြသည်၊ တချို့သော သူတို့ကား၊ ရှင်မဟာဓမ္မရက္ခိတ မထေရ် မဟာရဋ္ဌဒေသတွင် တရားဦးဟောရာနေရာအဖြစ် အထိမ်းအမှတ်တည်ထားသော စေတီဟု ယူဆကြလေသည်။ 
လက်ရှိမဟာရဋ္ဌပြည်နယ်ဖြင့် နိုင်ယှဉ်ကြည့်ပါက ဝနဝါသီအရပ်နှင့် အပရန္တအရပ်တို့သည်လည်း မဟာရဋ္ဌအတွင်း တစိတ်တဒေသ ပါဝင်နေသည်ကိုလေ့လာတွေ့ရှိရပါသည်။ ထိုကြောင် မဟာရဋ္ဌဟူသည် အသောကမင်းကြီး၏ သာသနာပြု စေလွတ်ရာ သုံးဌာနတို့နှင့် ဆက်စပ် ပတ်သက်နေသောကြောင်း "မဟာရဋ္ဌ" တိုင်းကြီးမဟာ ဟူသတည်း။။ 
(ဆက်ရန်)
=
ကျမ်းကိုး - ဗုဒ္ဓနိုင်ငံတော် (အရှင်သံဝရာဘိဝံသ) တိနိအဖွဲ့ ၁၉ ၉ ၁
=
(အမှားတွေ့က ပြင်ဆင်ဖတ်ရူပါ)
ကိုရင်အာယု (ပူနေးတောရ)
ပူနေးဝိဒယဝိဟာရ်

မဟာရဋ္ဌ

No comments:

Post a Comment