လှိုင်ဂူတော်ကြီး အတွင်းပိုင်းတွင် ခရီးသွားဖေါ် အိန္ဒိယ လူမျိုးများနှင့်အတူ
လှိုင်ဂူရင်ပြင်မှ စာရေးသူ
လှိုင်ဂူအတွင်း နံရံကျောက်ပန်းပုရုပ်တုများဘေးတွင်
တိဗက် ဘုန်းတော်ကြီး Tsultrim Dhargay နှင့်အတူ
လှိုင်ဂူတော်အတွင်းပိုင်း တစ်ပါးအိပ်ခန်း ကျောက်တံခါးဝမှာ
လှိုင်ဂူတော် ရင်ပြင်ဝက
သာယာပါဘိ ညောင်ဗောဓိ
လှိုင်ဂူတော်အတွင်းပိုင်း သံဃာတော်များ စူဝေးရာ ဓမ္မသဘာ
လှိုင်ဂူတော်ကြီး ရင်ပြင်သို့အဝင်ဝတွင်
ဗောဓိပင်
၂၈၊ ၀၇၊ ၂၀၁၂ စနေန့ နောင်တော်ကြီး ကောင်းမွန်၏ ဦးဆောင်မူဖြင့် တိဗက်ရဟန်းတော်တစ်ပါး၊ အရှင်သီလာစာရ တို့နှင့်အတူ၊ မုံရွာ ဟိုဘက်ကမ်းက ဖိုးဝင်တောင်နှင့်တူသော အိန္ဒိယ ဖိုးဝင်တောင်များသို့ ရောက်ခဲ့ရပါတယ်။ (တိဗက်၇ဟန်းတော် မှတစ်ပါး ကျန်သုံးပါဟာ သီတဂူ ညီတော်နောင်တော်များဖြစ်ပါတယ်) ဖိုးဝင်တောင်ဟု ဆိုရခြင်းမာ ကျောက်တောင်ကြီးကို ထွင်းထုပြီး ကျောင်းတော်ကြီးများ၊ ထိုကျောင်းတော်အတွင် သံဃာတော်တို့အတွက် အိပ်ခန်းများ၊ တရားဟော၊ တရားပြ၊ စာချရာ ဓမ္မသဘာကြီးများ၊ စသည်စသည်တို့ကို ထုဆစ်ထားသောကြောင့် စာရေးသူတို့ အညာက ဖိုးဝင်တောင်နှင့် တူရာကား အိန္ဒိယ ဖိုးဝင်တောင်များဟု ဆိုလိုက်ရပေသည်။
တူတာတွေရှိသလို မတူတာတွေကတော့ ရာသီဥတုပင်ဖြစ်သည်။ ရာသီဥတုကတော့ ကျိုက်ထီးရို ရာသီဥတုနှင့် တူပါသည်။ မိုးများပြီး ချမ်းအေးပါသည်။ မကြာခဏ မိုးရွာသောကြောင့် ရေတံခွန်များ စီးကျနေသည်မှာ အလွန်လှပ ကျက်သရေရှိလှပေသည်။
သို့သော ဘာဂျာလှိုင်ဂူတွင် သံဃာတော်များပိုပြီးသီတင်းသုံခဲ့ပုံရပါသည်။ အဘယ်ကြောင့်ဆိုသော် ဘာဂျလှိုင်ဂူတွင် သံဃာတော်အိပ်ခန်းများကို များစွာတွေရှိရပါသည်၊ ထိုပြင် သုံးရေကန်းများကိုလည်း ဘာဂျာဂူထက် များစွာတွေရသောကြောင့်ပင်ဖြစ်သည်။
ကာလ ဘာဂျာ (Karla Bhaja caves ) လှိုင်ဂူများဟု လူသိများထင်းရှားပါသည်။
ပူးနေး ဘုံဘေး ဟိုက်ဝေးလမ်းဘေးတစ်ဘက်စီတွင် ရှိပါတယ်။ ဘုံဘေမှ လာသည်ရှိသော် ကာလ(karla) လှိုင်ဂူသည် လမ်း၏ ဘယ်ဘက်တွင်းရှိပါသည်။ ဘာဂျာ (Bhaja) လှိုင်ဂူသည် လမ်း၏ ညာဘက်ဘေးတွင်ရှိပါသည်။ ကာလလှိုင်ဂူက ဘာဂျာလှိုင်ဂူထက် ပို့ပြီး အနုပညာလက်ရာမြောက်ပါသည်။သို့သော ဘာဂျာလှိုင်ဂူတွင် သံဃာတော်များပိုပြီးသီတင်းသုံခဲ့ပုံရပါသည်။ အဘယ်ကြောင့်ဆိုသော် ဘာဂျလှိုင်ဂူတွင် သံဃာတော်အိပ်ခန်းများကို များစွာတွေရှိရပါသည်၊ ထိုပြင် သုံးရေကန်းများကိုလည်း ဘာဂျာဂူထက် များစွာတွေရသောကြောင့်ပင်ဖြစ်သည်။
ပူနေး အဆောင်ကနေ ၁၀ နာရီ ၃၆ မိနစ်လောက်မှ စာရေးသူတို့ ကားထွက်ပါတယ်။ ၁၂ နာရီ တိတိမှာတော့ ကာလ (Karla) တောင်ခြေကိုရောက်လို့ ခြေလျှင်တက်ကြရပါတယ်။ ကားပေါ်က ဆင်းတယ်ဆိုရင်ဘဲ မိုးတွေရွာလာတော့ ကဗျာကရာ ထီးတွေထုပ်ကြရပါတယ်။ ကံဆိုးတာကတော့ မိုးကြောင့် ဓါတ်ပုံကောင်းကောင်းတွေ မရခဲ့ခြင်းပါဘဲ။
မန္တလေးတောင်လောက် မြင့်ပါတယ်။ တောင်တစ်ဝက်လောက် ကားနှင့်တက်ပြိး ခြေလျှင် ဆက်တက် ရပါတယ်။ ကျိုက်ထီရိုးတောင်တန်းတွေလို့ မြူခိုးတွေနှင့် အုပ်ဆိုင်းနေပါတယ်။ သို့ပါသောကြောင့် မကြာခဏ မိုးရွာချပါတယ်။ မိနှစ် နှစ်ဆယ်ခန့် တက်ပြီးတဲ့အခါမှာတော့ လှိုင်ဂူတော်ကြီးရဲ့ ရင်ပြင်အဝကိုရောက်ပါတယ်။ အဲဒီမာ အရိပ်အာဝါသ ကောင်းသော ဗောဓိပင်ညီနောင်ရှိပါတယ်။ နှစ်ပင်ပူပြီးပေါက်နေတာပါ။ ဟိုရှေးအခါက သူတော်စင်များ ဒီဗောဓိပင်ကြီးအောက်မာ တရားဓမ္မတွေ ဆွေးနွေးခဲ့ကြပေမည်။ ပြီးတော့ ကျောင်းသား ကိုရင်ငယ်များ ဆရာတော် သို့မဟုတ် အာဂန္တုက ရဟန်းတော်များ ရပ်ထဲ ရွာထဲက အပြန်မှာ ခရီးဦးကြိုဖို့ စောင့်နေကြပေမည်။ တွေးရင် ကြည်ရင် စိတ်ကူးရင်ဖြင့် အလွမ်းမိုးတွေတောင် ရွာပြန်ပြီးကောဗျာ။
ညောင်ပင်အောက်မှ လှိုင်ဂူကြီးဆီ လှမ်းကြည့်လိုက်တဲ့အခါမှာတော့ လိုင်ဂူကြီးပေါ်ကနေ ရေတံခွန်များ စီးကျနေတာကို တွေရပါတယ်။ ကျောက်တောင်ကြီးအတွင်းမှာ သံဃာတော်များစုဝေးရာ ဓမ္မသဘာ သို့မဟုတ် ဓမ္မသာလာကြီးများ၊၄င်း ဓမ္မသာလာများအထဲတွင် ဗုဒ္ဓ၏ ဓါတ်တော်မွေတော်များ ကိန်းဝတ်ပူဇော်ရာ ဓါတ်တော်တိုက်ခေါ် စေတီ(ထူပ)များ။ သံဃာတော်များ စင်္ကြန်လျောက်ရန် ကျောက်လမ်းကြီးများ၊ ဓမ္မသာလ၏ နံရံများတွင် ကျောက်တိုင်းကြီးများနှင့် ၄င်းကျောက်တိုင်းကြီးများထိပ်တွင် ရှေးအိန္ဒိယ ကျောင်းတကာ ကျောင်းအမ (စာရေးသူ စိတ်အထင်) စုံတွဲပုံကျောက်ဆစ်ရုပ်တုများ၊ ဗုဒ္ဓဝင်ဆိုင်ရာ ကျောက်ဆစ် ရုပ်တုများ၊ ဓမ္မသာလာ၏ အမိုးမျက်နာကျက်တွင် သစ်သားချောင်းကြီးများဖြင့် ကွေးကွေးကောက်ကောက် အလှဆင်ထားပုံများ (ထုပ် သို့မဟုတ် ရက်မ) ကျောက်ကုတင် ကျောက်စာပွဲတို့ဖြင့် တစ်ပါးအိပ်ခန်း၊ နှစ်ပါးအိပ်ခန်း၊ စသော သံဃာတော်များအိပ်ခန်းများ၊ နွေမိုးဆောင် အမြဲမပြတ် ရေရရှိနိုင်သော ကျောက် ရေကန်များ၊ အပေါ်ထပ် အောက်ထပ် ကူးသော ကျောက်လှေခါးကြီးများ စသည်သည်တို့ကို တွေ့မြင် ခဲ့ရပါတယ်။
ဝမ်းနည်းစရားကောင်းသည်မှာ ယခုဗုဒ္ဓဘာသာကျောင်းဆစ်လှိုင်ဂူကြီး၏ အပေါက်ဝတွင် ဟိန္ဒူဘုရားကျောင်း တစ်ခုကိုတည်ဆောက်ထားခြင်းပင်ဖြစ်သည်။ ၄င်းဟိန္ဒူဘုရားကျောင်းမှာ တိရိစ္ဆာန်တို့ကို ခေါင်းဖြတ်ပြီး ရစ်ပူဇော်ရာ ဌာနဖြစ်သောကြောင့်ဖြစ်ပါသည်။ သိမ်မွေ့သော သူတော်စင်တို့၏ နေရာတွင် အခြားသောသူတို့ ဝင်ရောက်နေရာယူနေခြင်းမှာ တွေမြင်ရသူ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့၏ နှလုံးသားကို များစွာထိခိုက်စေတော့သည်။
ရှေးဟောင်းသုတေသန ပညာရှင်များ ရေးထိုးထားသည် စာများအရ (ဘီစီ ၂ ရာစု) မှ (အေဒီ - ၇ - ရာစု) ထိ ထေရဝါဒနှင့် မဟာယာန ဗုဒ္ဓဘာသာတွေ တည်ဆောက်ခဲ့တယ်။ လွမ်းမိုးနေထိုင်း ခဲ့တယ်လို့ သိရပါတယ်။
မန္တလေးတောင်လောက် မြင့်ပါတယ်။ တောင်တစ်ဝက်လောက် ကားနှင့်တက်ပြိး ခြေလျှင် ဆက်တက် ရပါတယ်။ ကျိုက်ထီရိုးတောင်တန်းတွေလို့ မြူခိုးတွေနှင့် အုပ်ဆိုင်းနေပါတယ်။ သို့ပါသောကြောင့် မကြာခဏ မိုးရွာချပါတယ်။ မိနှစ် နှစ်ဆယ်ခန့် တက်ပြီးတဲ့အခါမှာတော့ လှိုင်ဂူတော်ကြီးရဲ့ ရင်ပြင်အဝကိုရောက်ပါတယ်။ အဲဒီမာ အရိပ်အာဝါသ ကောင်းသော ဗောဓိပင်ညီနောင်ရှိပါတယ်။ နှစ်ပင်ပူပြီးပေါက်နေတာပါ။ ဟိုရှေးအခါက သူတော်စင်များ ဒီဗောဓိပင်ကြီးအောက်မာ တရားဓမ္မတွေ ဆွေးနွေးခဲ့ကြပေမည်။ ပြီးတော့ ကျောင်းသား ကိုရင်ငယ်များ ဆရာတော် သို့မဟုတ် အာဂန္တုက ရဟန်းတော်များ ရပ်ထဲ ရွာထဲက အပြန်မှာ ခရီးဦးကြိုဖို့ စောင့်နေကြပေမည်။ တွေးရင် ကြည်ရင် စိတ်ကူးရင်ဖြင့် အလွမ်းမိုးတွေတောင် ရွာပြန်ပြီးကောဗျာ။
ညောင်ပင်အောက်မှ လှိုင်ဂူကြီးဆီ လှမ်းကြည့်လိုက်တဲ့အခါမှာတော့ လိုင်ဂူကြီးပေါ်ကနေ ရေတံခွန်များ စီးကျနေတာကို တွေရပါတယ်။ ကျောက်တောင်ကြီးအတွင်းမှာ သံဃာတော်များစုဝေးရာ ဓမ္မသဘာ သို့မဟုတ် ဓမ္မသာလာကြီးများ၊၄င်း ဓမ္မသာလာများအထဲတွင် ဗုဒ္ဓ၏ ဓါတ်တော်မွေတော်များ ကိန်းဝတ်ပူဇော်ရာ ဓါတ်တော်တိုက်ခေါ် စေတီ(ထူပ)များ။ သံဃာတော်များ စင်္ကြန်လျောက်ရန် ကျောက်လမ်းကြီးများ၊ ဓမ္မသာလ၏ နံရံများတွင် ကျောက်တိုင်းကြီးများနှင့် ၄င်းကျောက်တိုင်းကြီးများထိပ်တွင် ရှေးအိန္ဒိယ ကျောင်းတကာ ကျောင်းအမ (စာရေးသူ စိတ်အထင်) စုံတွဲပုံကျောက်ဆစ်ရုပ်တုများ၊ ဗုဒ္ဓဝင်ဆိုင်ရာ ကျောက်ဆစ် ရုပ်တုများ၊ ဓမ္မသာလာ၏ အမိုးမျက်နာကျက်တွင် သစ်သားချောင်းကြီးများဖြင့် ကွေးကွေးကောက်ကောက် အလှဆင်ထားပုံများ (ထုပ် သို့မဟုတ် ရက်မ) ကျောက်ကုတင် ကျောက်စာပွဲတို့ဖြင့် တစ်ပါးအိပ်ခန်း၊ နှစ်ပါးအိပ်ခန်း၊ စသော သံဃာတော်များအိပ်ခန်းများ၊ နွေမိုးဆောင် အမြဲမပြတ် ရေရရှိနိုင်သော ကျောက် ရေကန်များ၊ အပေါ်ထပ် အောက်ထပ် ကူးသော ကျောက်လှေခါးကြီးများ စသည်သည်တို့ကို တွေ့မြင် ခဲ့ရပါတယ်။
ထိုအရာတို့ကို ကြည့်သောအားဖြင့် ရှေးခေတ် ဗုဒ္ဓဘာသာ အိန္ဒိယ လူမျိုးများ၏ ကြီးမားသော သဒ္ဓါတရား၊ ဇွဲ လုံးလ၊ ဗိသုကာပညာ၊ နှင့် ကျောက်ဆစ်ပညာ စသည်တို့၏ မည်မျှ နက်ရှိုင်းပုံကို ခံစားသိမြင်နိုင်ပါသည်။
တွေးမိတွေးရာ အတွေးကမ္ဘာချဲနေစဉ် မောင်ကောင်းမွန်မှ "ကဲ့ တပည့်တော်များ ဘုရားကိုပူဇော်ကြမယ် ဒါကတော့ ရှေးခေတ်ကာလက ဗုဒ္ဓဓါတ်တော်တွေထားတဲ့နေရာဘဲ (ထူပကို ရည်းညွန်သည်) တပည့်တော်တို့ အားလုံး ဒိမှာထိုင်မယ် (ထူပ ဘေးနားတွင်) ဘုရားဦးချကြ "ဆိုမှ သတိပြန်လည် လာပြီး ထူပ (စေတီ) ကို ဦးချရမှန် အတွေးဝင်ခဲ့ရပါတယ်။
ဘုရားရှင်ကို ရည်မှန်း ဦးသုံးကြိမ်ချပြီးသကာလ (၂၄) ပစ္စည်းကို အသံထွက်ပြီးရွတ်ခဲ့ပါတယ်။ လှိုင်ဂူစောင့်တဲ့ နတ်ဒေဝါကို မေတ္တာပို့ အမျှဝေတဲ့ပြီးတဲ့အခါမှာတော့ - လှိုင်ဂူစောင့်နတ်မင်းက ဘုရားရှင်တရားတော်ကို မကြားမနာရတာ တော်တော်ကြာပြီလို့များ ပြောနေလေမလား မိမိဘာသာ တွေးခဲ့မိပါတယ်။ ကာလတောင် ကာလဂူဝယ် တစ်နာရီလောက် ကြည့်ရှုလေ့လာ ဓါတ်ပုံရိုက်ကြပြီးတော့ တောင်ပေါ်က ပြန်ဆင်လာကြတော့ မိမိတို့ ကားရပ်နားထားရာ အရောက်ဝယ် နေ့ခင်း တစ်နာရီထိုးနေပါပြီး။
ကာလ တောင်မှ ဘာဂျ တောင်သို့ ပူဏေး သီတဂူ ညီတော်နောင်တော် ရဲသုံးဖော်တို့ ဆက်လက်ချီတက်ခဲ့ကြပါတယ်။ ၁၅ မိနစ်ခန့် အချိန်မာတော့ ဘာဂျတောင်ခြေကိုရောက်ပါတယ်။ တောင်ခြေကနေ တောင်ပေါ်သို လမ်းလျှောက်တက်ရသည်မှာ သထုံမြို မြသပိတ်တောင်ကို တက်ရသလို ခံစားရပါတယ်။ မြသပိတ်တောင်လောက်တော့ မမြင့်ပါဘူး။ မြသပိတ်တောင်ရဲ လေးပုံ တစ်ပုံတောင်မှ ရှိမည်မထင်ပါ။ ရှုခင်းတွေကြည့်ရင် နိုင်ငံပေါင်းစုံက ခရီသည်တွေနှင့် နုတ်ဆက်ရင် တက်လာခဲ့ရာမှာ ဘယ်လောက်အချိန်ကြာသည်ကို သတိမထားမိခဲ့ပါဘူး။ မိနစ် ၂၀ လောက်ကြာမည်ထင်ပါသည်။ ဘာဂျာတောင်ပေါ်သို့ ရောက်ခဲ့ကြပါတယ်။ ဝင်ကြေး ရူးပီငါးကျပ်ပေးရပါတယ်။ နိုင်ငံခြားသားဆိုရင်တော့ ရူပီး (၁၀၀)ပေးရသည်ဟု သိရပါတယ်။ တိဗက် ဘုန်းတော်ကြီးမှ ဟိန္ဒီစကားပြောတတ်သောကြောင့်၊ သီတဂူ ရဲသုံးဖော်ကို တြိပူ၊ မဏိပူ က လူများဟု ထင်ရကား ရူပီး (၅) ကျပ်သာ ပေးရတော့သည်။ ဘာဂျာတောင်တွင်လည်း မိုးရွာသောကြောင့် စိတ်သွားတိုင်း ကိုယ်မပါဖြစ်ခဲ့ရပါသည်။ ထူပခေါ် စေတီများ (၁၅)ဆူခန့်် ဖူးတွေခဲ့ရပါသည်။
ထူးခြားသည်မှာ ကာလဂူမှာရော၊ ဘာဂျ ဂူမှာပါ ဗုဒ္ဓရုပ်ပွားတော် အရိပ်အရောင်မျှ မတွေခဲ့ရခြင်းပင်ဖြစ်ပါသည်။ ဗုဒ္ဓရုပ်ပွားတော်မရှိသည်သာမဟုတ် ပလ္လင်တော်နေရာများကိုလည်း မတွေ့ရခြင်းပင်ဖြစ်သည်။
(လှိုင်ဂူကြီး စတင်ထွင်းထုသည့် အခါကတည်းက ဗုဒ္ဓရုပ်ပွားတော်များကို မပူဇော်ခဲ့လေသလား၊ သို့မဟုတ် နောင်ခေတ် အခြားအခြားသော ဘာသာဝင်တွေကများ ဖျက်ဆီးပြစ်ခဲ့လေသလား။ သလား သလားနှင့် သလား ပေါင်းများစွာကို စားရေးသူ လေ့လာရပေဦးတော့မည်)။
ပဋ္ဌာန်းတရာတော်ထက် ကြီးကျယ် မြင့်မြတ်သော တရားမရှိတော့ရကား (၂၄) ပစ္စည်းကို ကျယ်လောင်စွာရွတ်ဆိုပူဇော်ရင်ဖြင့် သက်တော်ထင်းရှား မြတ်ဘုရားနှင့် ဟိုးယခင် ဒိနေရာ ဒိလှိုင်ဂူမှာ သီတင်းသုံးနေထိုင်ခဲ့ကြသော ဆရာတော် သမားတော်များကို ဦးခိုက်ပူဇော်ခဲ့ပါသည်။
ပြီးတော့ ဓါတ်ပုံရိုတ် မှတ်တမ်းတင်မူများပြုလုပ်ခဲ့ပါသည်။ သီတဂူ ရဲသုံးဖော်တို့ ဘာဂျတောင်မှ ထွက်ချိန်တွင် အိန္ဒိယ စံတော်ချိန် သုံးနာရီထိုးပြီးတည်။
ကျောင်းဆောင်ပြန်ရောက်တော့ လေးနာရီ။

အို ချစ်စွာသော စာရှုသူတို့ အိန္ဒိယပြည် မဟာရဋ္ဌပြည်နယ်တွင်ရှိသော ဤနေရာ ဤဒေသမှ ဤအဆောက်အဦးတို့မာ သံဝေဇနိယ လေးဌာန ဘုရားဖူးတို့ မရောက်နိုင်သော၊ လက်လှမ်းမမီသေးသော နေရာဖြစ်ပါသည်။ ရှေးဟောင် အိန္ဒိယ ဗိသုကာပညာတို့ကို ကြည့်ရှု လေ့လာ လို့ပါလျှင်၊ အိန္ဒိယပြည်ကြီးဝယ် ထေရဝါဒဂိုဏ်းသား ရဟန်တော်များ ဘယ်လို့ဘယ်ပုံ သီတင်းသုံးနေထိုင်ခဲ့ကြ၊ ပြီးတော့ ဆရာဒကာ လက်တွဲညီစွာဖြင့် သာသနာပြုခဲ့ကြပုံများကို လေ့လာလို့ပါလျှင် ---- ကြွလမ်းခဲ့ပါ အိုသဟာ ဟု--သာ ----------------------
စေတနာမွန်ဖြင့်
ကိုရင်အာယု (မန်းသီတဂူ)
(ခေတ္တ = ပူဏေးတက္ကသိုလ်)