ဘဂဝါ အတုလ တိပရဝသခင် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ သဗ္ဗညုတထင်ရှား ဘုရားအဖြစ်သို့ ရောက်ရှိတော်မူသောနေရာကား မဟာဗောဓိခေါ် ဗုဒ္ဓဂယာမြို့ပင်ဖြစ်တော့သည်။ ထိုမြို့သည် အိန္ဒိယပြည် ဘီဟာနယ်
ဂယာဒိစတြိတ်တွင် တည်ရှိလေသည်။ ဤစာအုပ်တွင် ဘုရားရှင်ကိုယ်တော်မြတ်၏လက်ထက်တော်မှ
စ၍ သာသနာဒါယကာ သီရိဓမ္မာသောကမင်းကြီးလက်ထက်တိုင်အောင် ဗုဒ္ဓဂယာနှင့်ပတ်သက်သော
အကြောင်းအတ္ထုပ္ပတ္တိများကိုမဖော်ြ
ပပဲ သီရိဓမ္မာသောကမင်းမှသည် ယနေ့ထိဖြစ်ပျက်ခဲ့သော၊ ဖြစ်ပျက်လျက်ရှိသော မဟာဗောဓိ၏ကြမ္မာဆိုးကိုသာ
ခရားစေ့တွင်းကျ ဝေဖန်ရေးသားလိုပေသည်။ ဗုဒ္ဓဂယာမြို့ရှိ မဟာဗောဓိပင်နှင့် သတ္တဌာနတည်းဟူသော ဗုဒ္ဓရှင်တော်ကိန်းဝပ်စမ္ပါယ်တော
်မူသောနေရာများသည် ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏ ဘာသာရေး
ကိစ္စနှင့်စပ်လျဉ်းလျက် အရေးကြီးသော အမြတ်ဆုံးနေရာဟုခေါ်ရပေမည်။
ဘာသာကြီး ၄-ဘာသာနှင့်အမြတ်ဆုံးနေရာ ၄-ရပ်
ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာနှင့် အစ္စလာမ်ဘာသာဟူ၍
ဘာသာကြီး ၄-ခုရှိရာ ဟိန္ဒူဘာသာဝင်တို့အဖို့ ဗာရာဏသီ၊ အယုဒ္ဓယ၊ ဗြိန္ဒာဗန်၊ ဟရိဒွာရာနှင့် မထူရာမြို့တို့
သည် အမြတ်ဆုံးသောမြို့များဖြစ်၍ ထိုမြို့ကြီးများရှိ ကျောင်းကန်စေတီပုထိုး စသော ဘာသာရေးအဆောက်အအုံများကို ဟန္ဒိုတို့ကသာပိုင်ဆိုင်အုပ်ချု
ပ်လျက် ရှိလေသည်။ ခရစ်ယာန်ဘာသာဝင်တို့၏အမြတ်ဆုံးနေရာမှာ ပါလက်စတိုင်းပြည် ဂျေရုဆလင်မြို့တွင်ရှိသော
ခရစ်တော်ယေရှုကို မွေးဖွားရာအရပ်ပင်ဖြစ်၍ ထိုနေရာကိုလည်း ခရစ်ယာန်တို့ကသာ
သေဘာက်စီမံအုပ္ခ်ဳပ္လ်က္ရွိေ
လသည်။ အစ္စလာမ်ဘာသာဝင်တို့၏ အမြတ်ဆုံးသောနေရာမှာ အလာသခင်၏တမန်တော်မိုဟာမက်ကို မွေးဖွားရာအရပ်ဖြစ်သော အာရပ်ပြည်ရှိ မက္ကာမြို့နှင့်၎င်း၏သင်္ချိုင်း ရှိရာမေဒီနာမြို့တို့ဖြစ်လေသည်။ ထိုနေရာတို့ကိုလည်း အာရပ်ပြည်သားမူဆလင်များကသာ
ပိုင္ဆိုင္အုပ္ခ်ဳပ္လ်က္ရွိေ
လသည်။ ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏အမြတ်ဆံ
ုး အရေးကြီးဆုံးသော နေရာကား ဗုဒ္ဓဘုရား၏ပွင့်တော်မူရာနှင့်
သတ္တဌာနတည်ရာဖြစ်သော
မဟာဗောဓိခေါ် ဗုဒ္ဓဂယာမြို့ပင် ဖြစ်တော့သည်။
ကြေကွဲဖွယ်ကောင်းသော ဗုဒ္ဓဂယာ
ဤရွေ့ဤမျှပင်အထွတ်အမြတ်ဆုံးဖြစ်
သော်လည်းဗုဒ္ဓဘာသာဝင်မဟုတ်သူ၊ ဗုဒ္ဓရန်သူကြီးတစ်ဦးကပိုင်ဆိုင်ထာ
းခြင်းကြောင့်ဝမ်းနည်းကြေကွဲဖွယ်ရာတွေ့မြင်
ရသည်ကား…
၁။ စေတီပုထိုးစသည်တို့မှာ နောက်ဖေးအိမ်သာတမျှ ညစ်ပတ်လျက်ရှိခြင်း။
၂။ ဖူးမြော်သူတို့အား သမာဓိမရနိုင်လောက်အောင် ရာထောင်မကသော
သူတောင်းစားများကလာရောက်ကာ ဆူဆူပူပူတောင်းခံကြခြင်း။
၃။ ဗုဒ္ဓ၀ါဒနှင့်ဆန်ကျင်ဘက်ဖြစ်သော ဟိန္ဒူမဟာဒေ၀လိင်ရုပ်ကြီးတစ်ခုကိ
ု
စေတီတော်ကြီးအောက်ထပ်ရှိ ရုပ်ပွားတော်ရှေ့၌ချထားခြင်း။
၎။ ဆွမ်းတော်ကပ်၊ ဆီမီးပူဇော်သောအခါ ဆုတောင်းလို့ မဆုံးမီမှာပင်
အလစ်ဝင်သုတ်လေ့ရှိခြင်း။
၅။ မုဉ္စလိန္ဒာရေအိုင်တော်၌ ရေချိုးခြင်း၊ ညစ်ပတ်သောအ၀တ်များကို
ဖွတ်လျှော်ခြင်း၊ မစင်ဆေးခြင်း။
၆။ စေတီ၊ ပုထိုးပျက်များမှ အုတ်ကျောက်များဖြင့် အိမ်ဆောက်ခြင်း၊
ဆင်တင်းကုတ်၊ မြင်းတင်းကုတ်နှင့် မစင်အိမ်သာလုပ်ခြင်း။
ဤကဲ့သို့ယုတ်မာသောညစ်ပတ်ပုံများ
ကို တွေ့မြင်ကြသော
ကျွန်ုပ်နှင့်တကွဗုဒ္ဓဘာသာဝင်အေ
ပါင်းတို့သည်ဤမျှမွန်မြတ်သောေ
နရာတော်ကို
ဘာသာခြားလက်တွင်းမှ မိမိတို့လက်ဝယ်ရောက်ရှိလာအောင်
ကြိုးစားအားထုတ်သင့်လှပေသည်။ ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏
အမွန်မြတ်ဆုံးသောဗုဒ္ဓဂယာကို ဗုဒ္ဓဘာသာတို့ကသာ ပိုင်ဆိုင်ရမည်ဟု
တောင်းဆိုခဲ့သော် မည်သူ၊ မည်ဝါကမှ တရားနည်းလမ်းမကျဟု
ဝေဖန်နိုင်မည်မဟုတ်ပေ။ ဤတွင် ကျွန်ုပ်သည် ဤစာအုပ်ကိုဖတ်သူတိုင်း
သိရှိကြစေရန် ဗုဒ္ဓဘာသာပိုင်မဟုတ်သော အိန္ဒိယပြည်စတိတ်မင်းသတင်းစာ၌
ဝေဖန်ရေးသားထားသည်ကို ရေးသားဖော်ပြလိုက်ပါအံ့။
Statement of object and reasons
The Maha Bodhi Temple at Buddhagaya is most Sacred Shrine of Buddhist
World, as it stands on the spot where Lord Buddha attained Supreme
Wisdom. It is to the Buddhist what Macca is to the Muslim, Ayodhya to
Hindu and Jerusalem to Christian. It is in the hands of a
non-Buddhist, the Saivite Mahanth of Buddhagaya. For many years past
the Buddhists have been greaty dissatisfied with his management of the
temple and temple Land. They have expressed their strong desire to
have them restored to their control. The desire is but natural and
this bill is intended to make provision for the better management of
the temple and temple Land and for their restoration to the Buddhist
of India, Burma and Ceylon without prejudice to the right of Hindus to
worship the image of Buddha in the temple and to offer Pinda at the
Bodhi Tree to the north of the temple.
ဥပဒေပြုရခြင်း အကြောင်းရင်းခံဖော်ပြချက်
ဗုဒ္ဓဂယာမြို့တွင် တည်ရှိသော မဟာဗောဓိစေတီတော်မြတ်၏နေရာ တွင်
ဗုဒ္ဓဘုရားရှင်သည် သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိတော်မူသဖြင့် ကမ္ဘာပေါ်ရှိဗုဒ္ဓဘာသာဝင်တစ်ရပ်လုံးတို့အတွက် အမြတ်ဆုံးသောနေရာ ဖြစ်ပေသည်။
မွတ်ဆလင်များအဖို့ မက္ကာမြို့၊ ဟိန္ဒူများအဖို့ အယုဒ္ဓယမြို့၊
ခရစ်ယာန်များအဖို့ ဂျေရုဆလင်မြို့တို့သည် အမြတ်ဆုံးဖြစ်ဘိသကဲ့သို့
ဗုဒ္ဓဘာသာဝင်များအဖို့ ထိုနေရာသည် အမြတ်ဆုံးဖြစ်ပေသည်။ ထိုစေတီ
နှင့်မြေမှာ ဗုဒ္ဓဘာသာတို့အဖို့မည်မျှပင် အမြတ်ဆုံးဖြစ်စေကာမူ
ဗုဒ္ဓဘာသာမဟုတ်သူသီဝဂိုဏ်းဝင်
မဟန့်၏လက်ထဲ၌ကျရောက်နေမှုကြောင့်
ဗုဒ္ဓဘာသာဝင်အပေါင်းတို့မှာ သူ၏ပြုပြင်မှုစီမံပုံတို့ကို များစွာပင်
မနှစ်ခြိုက်နိုင်ပဲ ရှိခဲ့လေသည်။ သူတို့သည်ကိုယ်ပိုင်အုပ်ချုပ်စီမံခွင့်
ရရှိဖို့ရာ ထက်သန်သော သဘောဆန္ဒများကို ဖော်ပြခဲ့လေပြီ။ ဤသဘောတရားမှာ အထူးသဘာဝကျလှပေသည်။ ၎င်းပြင် ဥပဒေကြမ်းသည် ဗုဒ္ဓဂယာစေတီတော်ကြီးကို ပြန်လည်ပြင်ဆင်ရေးနှင့်စေတီတော် အထဲရှိ
ဟိန္ဒူတို့ရုပ်ပွားတော်ကို ကိုးကွယ်မှုနှင့်ဗောဓိပင်ခြေရင်း
တွင် ဆွမ်းတော်ကပ်မှုတို့ကို မထိခိုက်စေပဲ
အိန္ဒိယ-မြန်မာနှင့်သီဟိုဠ်ဗုဒ္ဓ
ဘာသာတို့ကသာ အုပ်ချုပ်ထားရန် ရည်ရွယ်လေသည်။
ဤစေတီတော်ကြီးကို သာသနာ့သက္ကရာဇ် ၂-ရာစုလောက်က မဂဓနေပြည်တော်ကြီးကို
စိုးစံတော်မူသောဗုဒ္ဓဘာသာမင်းတို့သည် လက်ရှိစေတီတော်ကြီးကို
ဆောက်လုပ်ခဲ့ကြောင်းနှင့်ဖော်ပြထား၏။ အချို့သောပညာရှင်များကမူ ခရစ်၅-ရာစုလောက်မှာ ဤစေတီကြီးကို ဆောက်ကာနင်ဂန်၏ (Archaeological report of Bihar) ခေါ်သောစာအုပ်တွင် ဤသို့ရေးသားထားလေ၏။
ဤစေတီတော်ကို အသောကမင်းတရားသည်သာလျှင် ဆောက်လုပ်လှူဒါန်းခဲ့သည်ဟု
ဆိုနိုင်စရာအကြောင်းရှိ၏။ အကြောင်းမှာမူကား ကျွန်ုပ်တို့သည်
ဤစေတီတော်ကြီးကို အမိန့်အရတူးဖော်ခဲ့စဉ်က ရရှိခဲ့သောကျောက်စာအချို့တွင်
အသောကမင်းတရားကြီးသည် ဤစေတီကို ဆောက်လုပ်လှူဒါန်း၍
သာဓုအနုမောပြုခဲ့ကြောင်းကို ပါရှိရကား ဤသာဓကဖြင့် စေတီဒါယကာကို
အသောကမင်းတရားကြီးဟု မှတ်ယူရပေမည်။
(မဟန့်ဂီရိဆိုသူမှာဗုဒ္ဓဂယာစေတီတော်ကြီးကို လက်ရှိပိုင်ဆိုင်ထားသူဖြစ်၍ ပစ္စည်းပစ္စယ အရာတွင်စော်ဘွားတစ်ယောက်မျှ ကြွယ်ဝနေသော ဟိန္ဒူရသေ့ကြီး ဖြစ်သည်။)
မစ္စတာမာတင်၏အဆို (Martin's Eastern India) ခေါ်မာတင်၏အရှေ့အိန္ဒိယခေါ်စာအုပ် တွင် ရေးသားထားပြန်သည်မှာ လက်ရှိ မဟန့်၏ဘိုးဘေးများဖြစ်ကြကုန် သော ကွယ်လွန်သူ
မဟန့်တို့သည် ယခုအခါ နန်းတော်တမျှ ကြီးကျယ် လျက်ရှိသော
ကျောင်းကြီးနေရာတွင် ခရစ် ၁၅၉၀-ပြည့်နှစ်က ကျောင်း ငယ်တစ်ဆောင်ကို
စတင်ဆောက်လုပ်ကာ နေထိုင်သွားကြလေသည်။ ထိုစဉ်အခါတုန်းက စေတီတော်ကြီးမှာ
ချုံနွယ်အထပ်ထပ်ရစ်ပတ်ထားခြင်း ကြောင့် တောကြီးသဖွယ် ဆိတ်ငြိမ်လျက်ရှိလေသည်။ ထိုကျောင်းငယ် သည် စေတီတော်ကြီးမှ ကိုက် ၄၀၀၀ ခန့်ကွာဝေးလေသည်။ မဟန့်တို့ သည် ထိုစဉ်အခါမှစ၍ ဗောဓိမဏ္ဍနေရာတော်ကိုအပိုင်ခံလာကြသည်ဟု ဆို၏။ မစ္စတာမာလေ၏ဘင်္ဂေါဒိစတြိတ်ဂဇက်တီယာ၌ ဤသို့ရေးသား
ထားပြန်၏။